မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ခင်ဆွေဦးရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်ဆိုင်ရာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန် (ပထမအကြိမ်) သင်တန်းကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်သည်။

တံတားမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 ထိုးနှံ

သန်လျင်ခရိုင်၊  တံတားမြို့၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်  ကိုဗစ် -  ၁၉ ရောဂါကာကွယ်ဆေးများကို မြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက တံတားမြို့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဆည်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ  ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နေ့သင်တန်းများ စတင်ဖွင့်လှစ်

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်း၊ ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာသင်တန်း၊ မဟာဘွဲ့(ဥပဒေ)သင်တန်းနှင့် စာကြည့်တိုက်နှင့်သုတပညာဒီပလိုမာသင်တန်းစသည့် နေ့သင်တန်းအသီးသီးတို့၏ ပထမပညာသင်စာသင်ကာလနှင့် ဒုတိယပညာသင်စာသင်ကာလများကို နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ကြောင်းနှင့် သင်တန်းနှစ်အသီးသီးတို့၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦ လက်သမားအဆင့်(၁)နှင့် အုတ်စီလုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာဆရာမများ၊ ကျွမ်းကျင်ပညာရှင်များပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဆောက်အဦ လက်သမားအဆင့်(၁)နှင့် အုတ်စီလုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး လမ်းဦးစီးဌာနတွင် ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဦးကျော်မင်းခိုင်မှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၅၆ လမ်း၊ ၁၄၂(အေ)လမ်းထောင့်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသော အိမ်ထောင်စု (၃၇၀)စု တို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး