၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၁၄၁၃၁ ဦးရှိသည့်အနက် အောင်မြင်သူ ၇၀၂၁ ဦး၊ အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၄၉ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
Jun 29, 2026
၁။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပံ့ပိုးပေးသော အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်လည်းဖြစ်ပါသည်။
Jun 29, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၄၅၆၃၅ ဦးရှိသည့်အနက် အောင်မြင်သူ ၂၈၃၉၃ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Jun 29, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ ၄၆၈၈၉ ဦး ဝင်ရောက်ဖြေဆိုမှုတွင် ၂၃၂၀၃ ဦး အောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၄၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၇၉ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၉၇ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၄၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၉၈၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁၇၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၄၇၉ ဦး ရှိခဲ့သည်။
Jun 29, 2026
မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူသို့ အသိပေးကြေညာခြင်း မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကိုလည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များသည်လည်း မှတ်ပုံတင်လုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင်အသုံးပြုနေသည်ကိုလည်းကောင်း တွေ့ရှိရပါသည်။ အဆိုပါမော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ပထမပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၃၀-၆-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်သည်အထိ မှတ်ပုံတင်လုပ်ငန်းများ လာရောက်ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
Jun 29, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က တီးတိန်-တွန်းဇံ လမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
Jun 29, 2026
World MSME Day အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် MICC-1 ၌ ကျင်းပလျက်ရှိရာ ဒုတိယနေ့၌ Supporting MSMEs to promoting national Economy ၊ Strategies for Future MSMEs Development ၊ The Crucial Role of MSME Digital Adoption in Building Myanmar’s Digital Economy by FY 2030-2031 ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ဟောပြောခြင်းများ ဆောင်ရွက်ကြသည်။
Jun 29, 2026
ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ” ဆိုသည့်အတိုင်း ဗုဒ္ဓဘုရားရှင် ဖြစ်တော်စဉ်ဆိုင်ရာ ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်သည်။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှစ၍ ရဟန်းသံဃာများ ပုရိမဝါကပ်ဆိုတော်မူကြရသည်။ ဝါဆိုလပြည့်နေ့၊ ဝါဆိုလကို ဘုရား၊ ရဟန်းသံဃာများ၏ လမြတ်လထူးအဖြစ် သတ်မှတ်ထားကြသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ယခုနှစ်တွင် ဝါထပ်ကာလဖြစ်၍ ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့ ဟူ၍ရှိပြန်သည်။ ပထမဝါဆိုလပြည့်နေ့တွင် ဘုရား၊ ရဟန်းသံဃာတော်များအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရမည်ဖြစ်သည်။
Jun 29, 2026
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက် နံနက် ၄ နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုသိရှိခဲ့ကြရပြီဖြစ်သည်။ ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်းမှာ ၄၉ ဒသမ ၇၀ ရာခိုင်နှုန်းဖြစ်သည်။
နောက်ဆုံးရသတင်းများ
Jun 29, 2026Latest News
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင
Jun 29, 2026Latest News
၁။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပံ့ပိုးပေးသော အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်လည်းဖြစ်ပါသည်။
Jun 29, 2026Latest News
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၄၅၆၃၅ ဦးရှိသည့်အနက် အောင်မြင်သူ ၂၈၃၉၃ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ၂၂ ရာခိုင
Jun 29, 2026Latest News
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ ၄၆၈၈၉ ဦး ဝင်ရောက်ဖြေဆိုမှုတွင် ၂၃၂၀၃ ဦး အော
Jun 29, 2026Latest News
မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူသို့ အသိပေးကြေညာခြင်း မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တ
ဆောင်းပါးကဏ္ဍ
Jun 28, 2026လောကတွင် အကောင်းဆုံးအချိန်အခါ၊ အကောင်းဆုံးအရွယ်၊ အကောင်းဆုံး အရည်အသွေးရှိသော လူသားမျိုးဆက်မှာ လူငယ်လူရွယ်များပင်ဖြစ်သည်။ ထိုလူငယ်လူရွယ်များ၏ဘဝများ အမှောင်ဖုံးမသွားစေရန်နှင့် တောက်ပသော အနာဂတ်ပိုင်ရှင်များဖြစ်လာစေရန် မူးယစ်ဆေးဝါး၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။
Jun 28, 2026မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးမှာ လွန်စွာအရေးကြီးပါသည်။
Jun 28, 2026အပင်သည် ကျွန်ုပ်တို့အား အစားအစာ၊ အမိုး၊ အကာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့် အဝတ်အထည်ကို ပေး၏။ အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ သစ်ဥတို့အား ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သေးသည်။ ထို့အပြင် မိမိအား ခုတ်၊ လှဲ၊ သတ်၊ မီးရှို့ဖျက်ဆီးခဲ့လျှင်လည်း ရန်တုံ့မူခြင်း အလျဉ်းမရှိ သည်းခံတရားအား ကျွန်ုပ်တို့ကို ပေးပြန်သည်။ ဤသည်ကား အပင်များ၏ ကျွန်ုပ်တို့အပေါ်တွင် ထားရှိသည့် ကြီးမားမွန်မြတ်သော ကျေးဇူးတရားပေတည်း။ (မြတ်ဗုဒ္ဓ)
Jun 27, 2026မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးမောင်းနှင်အားတွင် အဓိကကျောရိုးအဖြစ် ရပ်တည်နေကြသည်မှာ စီးပွားရေးအဖွဲ့အစည်းလုပ်ငန်းကြီးများသာမက ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium-sized Enterprises - MSMEs) များလည်း အပါအဝင်ဖြစ်ပါသည်။ ထိုလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့် တန်ဖိုးကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့ MSME နေ့ (World MSME Day)” အဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် သတ်မှတ်ကျင်းပကြပါသည်။
Jun 25, 2026၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ရအောင်တည်ဆောက်မှာဖြစ်ကြောင်း၊ ဖက်ဒရယ်လို့ဆိုရာမှာ နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒီလို နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့တဲ့ အပေါ်မှာ အွန်လိုင်းမီဒီယာအချို့က ဝေဖန်ပြောဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ အွန်လိုင်းမီဒီယာတစ်ခုက “ဒေသအခြေခံဖက်ဒရယ်လို့ပြောဆိုချက်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ လူမျိုးစုအခြေခံ ဖက်ဒရယ်မူနဲ့ ကွာဟနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အခက်အခဲတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း” ပြောဆိုရေးသားဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။
Jun 24, 2026ပြီးခဲ့တဲ့လက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်က ပြည်သူတွေ ထိစပ်မှုရှိစေဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာ လေ့လာရေးခရီးစဉ်တစ်ခုမှာ လိုက်ပါခွင့်ရခဲ့ပါတယ်။ နာမည်ကျော် အေးမြတဲ့ ဒေသဟာဘင်းမြို့ကိုပါ။ လေ့လာရေး ခရီးစဉ်တစ်လျှောက် နာမည်ကျော်အထင်ကရနေရာတွေထက် စိတ်ထဲကို မှတ်မှတ်ထင်ထင်ဝင်ရောက်ခဲ့တဲ့ နေရာလေးတစ်ခုကို စာဖတ်သူတွေဆီ မျှဝေလိုပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတာ လမ်းတံတား၊ အဆောက်အအုံတွေချည်း မဟုတ်ဘူးဆိုတာကို သက်သေပြရာနေရာ၊ နာမည်ကြီးနေရာမဟုတ်ဘဲ ရပ်ကွက်တစ်ခုသာဖြစ်ပါတယ်။ အိုင်ကျန်းရပ်ကွက်ဖြစ်ပါတယ်။ အဲဒီနေရာမှာ မြင်တွေ့ရတာတွေက အတော်လေးအံ့အားသင့်စေတယ်။
