ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (ငြိမ်း) ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများနှင့် လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူများက လွိုင်လင်တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
May 14, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိဝေဠုဝန် ကျောင်းတိုက်အတွင်း၌အခြေပြု၍ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
May 14, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မြဝတီမြို့နယ်၊ ဖလူး၊ မင်းလက်ပံဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
May 14, 2026
နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် မေ ၁၃ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
May 14, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့သွားရောက်၍ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
May 14, 2026
၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စု (A) နောက်ဆုံးနေ့ကို မေ ၁၂ ရက် ညပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပရာ မြန်မာနှင့် ထိုင်းအသင်း နှစ်ဂိုးစီသရေကျခဲ့သည်။
May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
May 14, 2026
လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ် အသိပေးနှိုးဆော်ခြင်း
May 14, 2026
နားမကြားသောကလေးများကျောင်းမှ ကျောင်းသား ကျောင်းသူများခေါ်ယူခြင်း
နောက်ဆုံးရသတင်းများ
May 14, 2026Latest News
ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (ငြိမ်း) ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချ
May 14, 2026Latest News
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချ
May 14, 2026Latest News
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မြဝတီမြို့နယ်၊ ဖလူး၊ မင်းလက်ပံဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သ
May 14, 2026Latest News
နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစု
May 14, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်း
ဆောင်းပါးကဏ္ဍ
May 14, 2026အာဂျင်တီးနားနိုင်ငံ၊ အူဆွားရာ (Ushuaia) ဆိပ်ကမ်းမှ (၁-၄-၂၀၂၆)ရက်နေ့တွင် ထွက်ခွာခဲ့သည့် နယ်သာလန်နိုင်ငံ အလံလွှင့်ထူထားသော အမ်ဗွီဟွန်ဒီယက်ဇ် (MV Hondius) အပျော်စီး သင်္ဘောခရီးစဉ်တွင် လိုက်ပါလာသည့်ခရီးသည်အချို့၌ ဖျားနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အဆုတ်ရောင်လက္ခဏာများ ပေါ်ပေါက်ခံစားရလာခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါရောဂါ လက္ခဏာများသည် ဟန်းတာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါလက္ခဏာစု (Hantavirus Pulmonary Syndrome-HPS)နှင့် ဆင်တူသဖြင့် ဓာတ်ခွဲစစ်ဆေးကြည့်ရာ ဟန်းတာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ အဆိုပါသင်္ဘောပေါ်တွင် (၈-၅-၂ဝ၂၆) ရက်နေ့အထိ ဟန်းတာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသူ ရှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် အသက်(၇၀)အရွယ် ဒတ်ခ်ျလူမျိုးအမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးနှင့် ဂျာမန်လူမျိုးအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦးသည် ရောဂါကြောင့်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
May 14, 2026သဘာဝကပေးသည့် အစားအစာများတွင် ထူးခြားသည့်အာဟာရဓာတ်များ ပေါများစွာပါဝင်ပြီး လူသားတို့၏ ကျန်းမာရေးအပေါ် ကြီးမားသောအကျိုးရလဒ်များဖြစ်ပေါ်စေသည့်အတွက် မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်အကြောင်း ကျန်းမာရေးရှုထောင့်အရ သိကောင်းစရာများကို ရေးသားတင်ပြလိုက်ရပါသည်။
May 14, 2026၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့မှာ အမေရိကန်အစိုးရဟာ ကမ္ဘာတစ်ဝန်းစိတ်ဝင်စားနေတဲ့ UAP (Unidentified Anomalous Phenomena) ခေါ် UFO နဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်ပေါင်း ၁၆၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၆ ခုနှစ် UAP ပွင့်လင်းမြင်သာမှုဆိုင်ရာဥပဒေ (UAP Disclosure Act 2026) အရ ဆောင်ရွက်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (Department of War) က war.gov/ufo ဆိုတဲ့ Portal မှတစ်ဆင့် ပထမဆုံးအသုတ် (Tranche 1) အနေနဲ့ ချပြခဲ့ခြင်းဖြစ်ပါတယ်။
May 13, 2026၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပါသည်။
May 13, 2026ပဲပုပ်သည် နိုင်ငံအတွင်းထွက်ရှိသော ပဲမျိုးစုံသီးနှံများအနက် ပြည်ပနိုင်ငံ (အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ)များသို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေသော သီးနှံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ပဲမျိုးစုံသီးနှံများတွင် ပဲပုပ်သည် မြေပဲကဲ့သို့ စားသုံးဆီထုတ်လုပ်နိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်ကို အထွက်တိုးအောင် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်ကို လေ့လာချက်များအရ တွေ့ရှိရသည်။ ထို့အပြင် ပဲပုပ်ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုမည့်သီးနှံလည်း ဖြစ်ပါသည်။
May 12, 2026ဂျုံသည် ကမ္ဘာ့နိုင်ငံအသီးသီးက စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ပြင် လူတို့အဓိကစားသုံးသော သီးနှံသုံးမျိုးရှိပြီးဂျုံမှာ လူအများစားသုံးမှု အများဆုံးသီးနှံသုံးမျိုးအနက် တစ်ခုအပါအဝင် ဖြစ်သည်။
