Jul 19, 2026
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း လူတစ်ဦးတစ်ယောက်ထံမှဖြစ်စေ၊ မော်တော်ယာဉ်အရောင်းစင်တာများမှဖြစ်စေ၊ ပြည်ပမှ ဝယ်ယူတင်သွင်းခြင်းဖြင့်ဖြစ်စေ မိမိဝယ်ယူခဲ့သည့် မော်တော်ယာဉ်အတွက် မိမိအသုံးပြုခဲ့ရသည့် ငွေကြေးနှင့်ပတ်သက်၍ ဝင်ငွေရလမ်းကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ရှင်းလင်းတင်ပြပေးရမည်ဖြစ်ပြီး မိမိမည်ကဲ့သို့ရရှိခဲ့ခြင်းဖြစ်သည်ကို ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန်နှုန်းထားများဖြင့် အခွန်ထမ်းဆောင်နေကြရပါသည်။
Jul 19, 2026
တစ်နှစ်တာ၏ ကျောင်းဖွင့်စရာသီသို့ ရောက်လာချေပြီ။ ကလေးများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးသည် မိသားစုတစ်စု၏ အနာဂတ်သာမက နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြေခံကျသောအချက်တစ်ရပ်ဖြစ်သည်။
Jul 18, 2026
ပီပီအိုင်ဘီ
Jul 18, 2026
လူသားအရင်းအမြစ်သည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ပါသည်။
Jul 17, 2026
ဇူလိုင်လ ၁၉ ရက်နေ့သည် နိုင်ငံ့သမိုင်းတွင် ဝမ်းနည်းကြေကွဲစရာနေ့တစ်နေ့ဖြစ်ပါသည်။ တိုင်းပြည်အတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုကြီးဖြစ်သလို ဘယ်သောအခါမှ မေ့မရနိုင်သည့်နေ့တစ်နေ့လည်းဖြစ်သည်။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး မနေမနား ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မသမာသူအကြမ်းဖက်သမားများက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထိုအဖြစ်ဆိုးကြီးကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး တိုင်းပြည်၏ ပန်းတိုင်ရောက်လုနီးတွင် တက်ကျိုးသကဲ့သို့ဖြစ်ခဲ့ရသည်။
Jul 16, 2026
ရှေးမြန်မာမင်းများလက်ထက် မိရိုးဖလာစိုက်ပျိုးထုတ်လုပ်မှုမှသည် ယနေ့ခေတ်ပြိုင်ကာလအထိ ဝါသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရုံသာမက နိုင်ငံတော်၏ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အခြေခံအကျဆုံး အရေးပါသော လယ်ယာထွက်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
Jul 16, 2026
ပြည်တွင်းအခွန်များဦးစီးဌာနသည် အများပြည်သူ နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဝန်ဆောင်မှုပေးရာတွင် ယခင်ကထက် ပိုမိုလွယ်ကူလျင်မြန်၍ အဆင်ပြေချောမွေ့စွာ အီလက်ထရောနစ်နည်းလမ်းဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှု ပေးနိုင်မည့်စနစ်များကို လေ့လာ၍ စီမံချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System- VAVS) ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
Jul 16, 2026
ဇူလိုင်လ ၁၉ ရက်နေ့ဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရရှာတာ ၇၉ နှစ်တောင်ရှိခဲ့ပြီလို့ ဆိုရမှာဖြစ်တယ်။ ၇၉ နှစ်ဆိုတဲ့ အချိန်ကာလဟာ လူ့သက်တမ်းအားဖြင့် တစ်ဘဝနီးပါး ကြာညောင်းခဲ့တာဖြစ်ပေမယ့် အာဇာနည်ခေါင်းဆောင်ကြီးများကို မျိုးဆက်အလီလီ ယနေ့တိုင် မမေ့နိုင်ကြသေးပါ။ အထူးသဖြင့်ကား မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းဆွတ်တမ်းတနေကြဆဲ။
Jul 15, 2026
ယနေ့ခေတ်ကြီးတွင် အာဇာနည်ဟူ၍ ရှားပါးသွားပြီဟု ဆိုနိုင်ပါသလား၊ အာဇာနည်တစ်ဦးတွင် ရှိထိုက်သည့် ဂုဏ်ဒြပ်တို့နှင့် တိုင်းတာလျှင်မူ များစွာလျော့ပါးသွားပြီဟု ဆိုနိုင်ပါမည်။ အမှန်တကယ်လည်း နည်းပါးနေသည်၊ အာဇာနည်ဂုဏ်ပုဒ်များ ဖြည့်ဆည်းရန် ကွက်လပ်တို့သာ များလာနေသည်၊ လိုအပ်ချက်က များလာသည်၊ ယနေ့ခေတ်တွင် အာဇာနည်အမှတ်တံဆိပ်ကို မှန်မှန်ကန်ကန် ခတ်နှိပ်နိုင်မည့် အာဇာနည်များစွာ လိုအပ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။
Jul 14, 2026
“ရွှေချည်၊ ငွေချည်” ဟု တင်စားသည့် မြန်မာ့ဝါသည် စိုက်ပျိုးတောင်သူများကို အကျိုးပြုလျက်ရှိသည့် ဝင်ငွေရသီးနှံတစ်ခု။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် ဝါသည် ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် သီးနှံတစ်ခုလည်းဖြစ်သည်။ လက်ရှိကမ္ဘာ့အထည်အလိပ်ဈေးကွက်ရှိ အထည်အလိပ် အမှတ်တံဆိပ်များသည် သဘာဝပတ်ဝန်းကျင်မပျက်စီးစေဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ်ဝါဂွမ်းများကို ပိုမိုတောင်းဆိုကြချိန် ဖြစ်သည့်အတွက် မြန်မာ့ဝါအတွက် အလားအလာကောင်းများစွာရှိနေသည်။ ထို့ကြောင့် ပြည်ပပို့ကုန်သီးနှံမြန်မာ့ဝါဖွံ့ဖြိုးမှုအတွက် ရှေ့တစ်လှမ်းတက်ရမည့်အချိန်အခါ ဖြစ်လာသည်။
