Oct 18, 2025
ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)ကို စတင်တည်ထောင်ခဲ့သည့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အဖြစ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ဝင် နိုင်ငံအသီးသီး၌ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်အလေးထား ကျင်းပဆောင်ရွက် ပေးလျက်ရှိပါသည်။
Oct 17, 2025
ရှေးရှေးတုန်းက သတ္တဝါတွေ အမျိုးစုံနေထိုင်ကြတဲ့ တောအုပ်ကြီးရှိသတဲ့။
တောအုပ်ကြီးက ပင်လယ်ကြီးဘေးမှာရှိတာပေါ့။ ပင်လယ်ကြီးကလည်း လှပတဲ့ကမ်းခြေတွေရှိသလို မြင့်မားနက်ရှိုင်းတဲ့ကမ်းပါးကြီးတွေလည်းရှိကြတာပေါ့။ တောအုပ်ကြီးထဲမှာလည်း သစ်ကြီးဝါးကြီး၊ အပင်ကြီးတွေထူထပ်များပြားသလို ပန်းပင်ငယ်မျိုးစုံတွေလည်း ရှိကြတာပါပဲ။ ပန်းဥယျာဉ်တွေလည်း ရှိကြသလို မြက်ခင်းပြင်စိမ်းစိမ်းတွေလည်းရှိကြတာပေါ့။ တောရိုင်းတိရစ္ဆာန်တွေလည်း အမျိုးစုံအများကြီးနေထိုင်ကြတဲ့ တောအုပ်ကြီးပါ။
Oct 15, 2025
၂၈ - ၃ - ၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေ၊ သေဆုံးပျောက်ဆုံးမှုတွေ အများအပြားဖြစ်ခဲ့ရပါတယ်။
Oct 14, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Oct 14, 2025
အခုတလော မောင်စံကြီးတို့ ဝန်ထမ်းလောကမှာ စိုးရိမ်စိတ်နဲ့ ပြောနေကြတဲ့ စကားသံတွေ ကြားနေရပါတယ်။ အထူးသဖြင့်တော့ နေပြည်တော်က ဝန်ကြီးဌာနတွေနဲ့ လက်အောက်ရုံးချုပ်ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ မဲပေးခွင့်ကိစ္စပါ။ ရွေးကောက်ပွဲဥပဒေမှာ မိမိအမြဲတမ်းနေထိုင်တဲ့လိပ်စာရှိရာ လဝကပုံစံ (၆၆/၆) ရှိတဲ့ နေရာမှာပဲ မိမိမဲစာရင်းပါမှာဖြစ်လို့ အမြဲတမ်းနေထိုင်ရာနေရာမှာပဲ ပြန်ပြီး မဲပေးရမယ့်သဘောလို့ နားလည်ထားကြလို့ပါ။ တကယ်တော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာ ဒေသတစ်ခုက အခြားဒေသတစ်ခုကို နိုင်ငံ့တာဝန်အရပဲဖြစ်ဖြစ်၊ အခြားလူမှုရေး၊ စီးပွားရေးအရဖြစ်ဖြစ် ပြောင်းရွှေ့နေထိုင်ရတဲ့သူတွေကို အရင်နေထိုင်တဲ့နေရာကနေ လက်ရှိပြောင်းရွှေ့နေထိုင်တဲ့ နေရာကို မဲစာရင်းပြောင်းနိုင်မယ့် အခွင့်အရေးပေးထားပါတယ်။
Oct 13, 2025
NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
မောင်ငြိမ်းအေး
လောက၌ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ပါတီနှင့် တစ်ပါတီ နိုင်ငံရေးစနစ် သို့မဟုတ် ယုံကြည်ချက်မတူနိုင်၊ မတူသော်ငြားလည်း အတူနေထိုင်ခြင်းသည် သာယာဝပြောသော လူ့ဘောင် သို့မဟုတ် ယဉ်ကျေးသော ဒီမိုကရေစီဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်တွင် အခြားသူ၊ အခြားအဖွဲ့အား ရန်မပြုဘဲ မိမိနှစ်သက်သည့်စနစ် သို့မဟုတ် ယုံကြည်ချက်ကို ထူထောင်ခွင့်ရှိသည်။ သို့မဟုတ်မူဘဲ “ငါနှင့်မတူ ရန်သူ”ဟု သတ်မှတ်သူသည်ကား အာဏာရှင် သို့မဟုတ် စစ်ကိုလိုလားသူ သို့မဟုတ် ငြိမ်းချမ်းရေးကို လက်မခံသူဟု ဆိုနိုင်သည်။
Oct 12, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့ခြင်း (၁၀)နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ''From NCA To Sustainable Peace, Shaping Our Future" ဆောင်ပုဒ်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
Oct 11, 2025
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
Oct 10, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 10, 2025
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ (World Migratory Bird Day) သည် ကမ္ဘာတစ်ဝန်း ရာသီအလိုက် မိုင်ရာထောင်ချီပြီး ရွှေ့ပြောင်းပျံသန်းသွားလာနေသော ထူးထူးခြားခြား အံ့ဩဖွယ်ငှက်များကို ကာကွယ်ထိန်းသိမ်းရန် ဂုဏ်ပြုသတ်မှတ်ထားသော နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ရွှေ့ပြောင်း ငှက်များနေ့သည် ရွှေ့ပြောင်းငှက်များနှင့်၎င်းတို့၏ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များကို ကာကွယ်ပေးရန် ရည်ရွယ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လှုပ်ရှားမှုများ လည်းဖြစ်သည်။
