Apr 02, 2022
အားမာန်သုံး၍ ပြေးလွှား၊ လုယက်ယှဉ်ပြိုင် ကစားရသည့် ဘောလုံး၊ ဘတ်စကက်ဘောကစား နည်းမျိုးကဲ့သို့ ကစားပွဲများတွင် ထိခိုက်ကြ၊ နာကျင်ကြပါသည်။ ထို့အတူ တမင်သက်သက် တိုက်ခိုက်ခြင်းမျိုး၊ ကိုယ်နှုတ်အမူအရာဖြင့် စော်ကားခြင်းမျိုးလည်း ခံရတတ်ပါသည်။ မောပန်းပြီး ဒေါသထွက်လွယ်သည့်အချိန်မျိုးမှာ သည်းခံမှုကင်းကာ ပြန်လည်တုံ့ပြန်ခဲ့လျှင် ပြစ်ဒဏ်ပေးခံရပါမည်။ တုံ့ပြန်မှုအားကြီးလျှင် ပြိုင်ပွဲကထွက်ရပါလိမ့်မည်။ ထိုသို့မဖြစ်ရန် မိမိပြိုင်ဘက်ကို သည်းခံရသလို ကိုယ့်ကစားဖော်၏ အားနည်းချက်ကြောင့် အသင်း ရှုံးခဲ့လျှင် (သို့မဟုတ်) ပြစ်ဒဏ်ခံရလျှင်လည်း အပြစ် တင်မည့်အစား အားပေးရပါသည်။
Apr 02, 2022
ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာကာလအတွင်းမှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။
Apr 01, 2022
ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား နိုင်ငံ တကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီ (International Council on Monuments and Site – ICOMOS)က စစ်ဆေးပြီး သဘာဝအမွေအနှစ်များကို နိုင်ငံတကာ သဘာဝ ပြုပြင်ထိန်းသိမ်းရေးသမဂ္ဂ (International Union for Conservation of Nature - IUCN)နှင့် ယဉ်ကျေးမှုနှင့် သဘာဝရောနှောအမွေအနှစ်များကို အဆိုပါနှစ်ဖွဲ့ထဲမှ သင့်တော်ရာအဖွဲ့က ကွင်းဆင်းစစ်ဆေးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက် မည်ဖြစ်ပါသည်။
Apr 01, 2022
ယခုတစ်လော မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၏ (၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲများ ကျင်းပကြောင်းနှင့် နိုင်ငံအနှံ့ အပြားတွင် အားကစားဟောပြောပွဲများ ကျင်းပ သည့်သတင်းများကို မြင်ရ၊ ကြားရတော့ အထူးပင် ဝမ်းသာမိပါသည်။ ယင်းနှင့်အတူ ကျွန်တော်တို့ သနပ်ပင်မြို့၏ မြို့နယ်အားကစားကွင်းတွင် ရေးသားထားသည့် မြန်မာ့သားကောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၏ အထက်ပါစာသားကိုလည်း ပြေးမြင်မိပါသည်။
Mar 31, 2022
သဘောထားကွဲလွဲမှုတွေကတစ်ဆင့် အခက်အခဲ ပြဿနာပေါင်းစုံ၊ အကျပ်အတည်းပေါင်းစုံနဲ့ ပဋိပက္ခမျိုးစုံအောက်မှာကျွန်တော်တို့ တစ်တွေအကောင်းဆုံးအနေ အထားတစ်ခု ရအောင်ဘယ် လိုရပ်တည်ရှင်သန်နေထိုင်ကြမလဲ။ ပဋိပက္ခတွေကြား မှာနေတတ်ထိုင်တတ်ဖို့၊ နေနိုင်ထိုင်နိုင်ဖို့ ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဒီလိုရပ်တည်နိုင်စွမ်း နဲ့ နေတတ်ထိုင်တတ်ပြီး ပဋိပက္ခတွေကို
Mar 30, 2022
(ယမန်နေ့မှ အဆက်)
ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) အတွက် သတ်မှတ်ထားသည့်စံနှုန်းများ
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (သဘာဝ) ဖြစ်ရန်အတွက် သတ်မှတ်ထားသော စံနှုန်းလေးချက်ရှိရာ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
Mar 30, 2022
သဘောထားကွဲလွဲမှုတွေကတစ်ဆင့် အခက်အခဲ ပြဿနာပေါင်းစုံ၊ အကျပ်အတည်းပေါင်းစုံနဲ့ ပဋိပက္ခမျိုးစုံ အောက်မှာ ကျွန်တော်တို့တစ်တွေ အကောင်းဆုံး အနေအထားတစ်ခုရအောင် ဘယ်လို ရပ်တည်ရှင်သန် နေထိုင်ကြမလဲ။ ပဋိပက္ခတွေကြားမှာ နေတတ်ထိုင်တတ်ဖို့၊ နေနိုင်ထိုင်နိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဒီလိုရပ်တည်နိုင်စွမ်း နဲ့ နေတတ်ထိုင်တတ်ပြီး ပဋိပက္ခတွေကို ဖြေရှင်း နိုင်ဖို့ဆိုတာ မိမိမှာ ကောင်းမွန်တဲ့ ကိုယ်ရည် ကိုယ်သွေး အရည်အသွေးတစ်ရပ်တော့ လိုအပ်ပါတယ်။ ဒါဆိုရင် မတူညီမှုတွေကြားမှာ ကွာဟချက် တွေ ကျဉ်းမြောင်းသွားအောင် မိမိရဲ့ ဘယ်လို ပင်ကိုအရည်အသွေးတွေရှိဖို့ လိုအပ်ပါသလဲ။ ဒီလို အရည်အသွေးတွေရအောင် ဘယ်လိုတည်ဆောက် ယူကြရပါမလဲ။
Mar 30, 2022
၂၀၁၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ် အစောပိုင်းကာလက ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ ဝင်ငွေလျော့ကျမှုများ ရင်ဆိုင်ခဲ့ကြရသည်။ အထူးသဖြင့် ဝင်ငွေ နိမ့်ကျသော နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုများကြောင့် ဆင်းရဲမှုနှုန်း ပိုမိုမြင့်တက်လာခဲ့သည်။
Mar 29, 2022
နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံအလိုက် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်/ အရင်းအမြစ်များ အသီးသီးရှိကြသည်။ ဖော်ပြပါ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ ယဉ်ကျေးမှုနှင့် သမိုင်း သက်တမ်း၊ ယဉ်ကျေးမှုထွန်းကားတိုးတက်လာမှု၊ အနုပညာလက်ရာ၊ သမိုင်းတန်ဖိုးတို့ကို ညွှန်ပြလျက် ရှိပါသည်။
Mar 28, 2022
“ပညာရှာသူတို့အတွက် ကျေးဇူးများ သော ဤကျမ်းကို ပြုစုရသောကောင်းမှုကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပညာကြီးမားပြီး အများအကျိုးကို ဆောင်ရွက် နိုင်သောကိုယ် ဖြစ်ရပါလို၏။ ကြံစည်ကာ မျှဖြင့် မိမိ၏အကျိုးစီးပွားများ ပြီးပြည့်စုံ သကဲ့သို့ သတ္တဝါတို့၏လိုအင်ဆန္ဒဟူသမျှ သည်လည်း လွယ်လွယ်ကူကူနှင့် ပြီးစီးအောင်မြင်ပါစေသတည်း” ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ၏ (“ရှေးခေတ် မြန်မာစာပေဆိုင်ရာကျမ်းများ လေ့လာမှု” စာအုပ်၊ နိဂုံးနှင့် ဆုပန်လွှာမှ ကောက်နုတ်ချက်)
