Skip to main content
Jan 31, 2022
ဆောင်းပါး
“အဝိညာဏကာ - အဝိညာဏက ဖြစ်ကုန်သောတောတောင် ရေမြေသစ်ပင်ဟူသမျှတို့သည် ဓာတုယာ-ဓာတ်လေးပါးကြောင့်၊ ဌိတာ-တည်ကုန်၏။ သတ္တ-သတ္တဝါဟူသမျှတို့သည်၊ အာဟာရေနအာဟာရကြောင့်၊ ဌိတာ - တည်နေကြကုန်၏” ဆိုသော သဘာဝတရားအတိုင်း ကျွန်တော်တို့လူသားများ အသက်ရှင်နေထိုင်နိုင်ရေး စားရေရိက္ခာပြည့်စုံရေးသည် အရေးကြီးဆုံး သောကိစ္စတစ်ရပ်ပင် ဖြစ်ပေသည်။
Jan 31, 2022
မွေးမြူရေးဆိုင်ရာ အသိပညာ
နိုင်ငံ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုအနေဖြင့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကြီးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တာ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။
Jan 30, 2022
ပြည်ထောင်စုမြန်မာနိုင်ငံရှိ နိုင်ငံသား အများပြည်သူတို့အတွင်း ပဒေသရာဇ်စနစ်နှင့် ကိုလိုနီနယ်ချဲ့စနစ်၏ ဆိုးမွေတစ်ရပ်အဖြစ် လွတ်လပ်ရေး မရမီကာလတိုင်အောင် စာမတတ်သူဦးရေ ထုထည်ကြီးမားစွာ ရှိနေခဲ့ကြသည်။ ဤဆိုးမွေကြောင့်ပင် မြို့ပြဒေသများထက် ကျေးလက်ဒေသ တို့၌ စာမတတ်သူဦးရေ ပိုမိုများပြားပြီး အမျိုးသားဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက အမျိုးသမီးဦးရေသည် ပိုမိုများပြားနေကြောင်းကို လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင် လေ့လာသိရှိခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံအတွင်း စာမတတ်သူဦးရေထုထည်ကြီးမားစွာ ရှိနေခြင်းသည် ထိုနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို များစွာ အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
Jan 30, 2022
မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးမှု၊ ပထဝီနိုင်ငံရေး အခြေအနေတို့နှင့် ပတ်သက်၍ Felix Haas ရေးသားသည့် “Myanmar-Internal Power Struggles and Geopolitics” အမည်ရှိ သုတေသန စာတမ်းအား အလွတ်သဘော ဘာသာပြန်ဆိုချက်ကို ဖော်ပြအပ်ပါသည်။
Jan 29, 2022
မြန်မာနိုင်ငံ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးမှု၊ ပထဝီနိုင်ငံရေး အခြေအနေတို့နှင့် ပတ်သက်၍ Felix Haas ရေးသားသည့် “Myanmar-Internal Power Struggles and Geopolitics” အမည်ရှိ သုတေသန စာတမ်းအား အလွတ်သဘော ဘာသာပြန်ဆိုချက်ကို ဖော်ပြအပ်ပါသည်။
Jan 29, 2022
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ လူငယ်နှင့် စာပေပွဲတော်မှာ ကျောင်းသား ကျောင်းသူ တွေ၊ လူငယ်တွေနဲ့ ပြည်သူတွေ ဗဟုသုတရရှိစေဖို့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်စာချုပ်စာတမ်းတွေနဲ့ မှတ်တမ်းမှတ်ရာတွေ၊ စာပေတိုက်အသီးသီးက ထုတ်ဝေတဲ့ စာအုပ်စာစောင်တွေနဲ့ စာပေပညာရှင် ကြီးများရဲ့ အတ္ထုပ္ပတ္တိပြခန်းတွေ၊ လေကြောင်းပြခန်း၊ ရေကြောင်းပြခန်းနဲ့ ဝန်ကြီးဌာနပြခန်းတွေ ပါဝင် မယ်လို့ သိရပါတယ်။ ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမယ်လို့သိရပြီး ၃ ရက်ကြာ ကျင်းပ မှာ ဖြစ်ပါတယ်။
Jan 28, 2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည်။ ထိုနေ့သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြ ကုန်သော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် နေ့တစ်နေ့ဖြစ် သည့်အပြင်မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာသက်သေပြနိုင်သည့် သမိုင်းမှတ်တိုင်စိုက်ထူခြင်းကြောင့် နိုင်ငံအတွက် တန်ဖိုးအနဂ္ဂထိုက်တန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို စတင်မွေးဖွားသန့်စင်ပေးလိုက်သော နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ဆိုရပေမည်။
Jan 27, 2022
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု နှလုံးသွင်းထားသင့်သည်။
Jan 27, 2022
မြန်မာနိုင်ငံတွင် လွှတ်တော် သုံးရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲ စနစ်
ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲတစ်ခု ကျင်းပရာ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် သာတူညီမျှ ယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင် အခြေအနေကောင်းကို ဖန်တီးပေးရန်လိုသည်။ ထိုအခါ ရွေးကောက်ပွဲကိုမည်သည့်စနစ်ဖြင့် ကျင်းပမည် ဆိုသည်က အရေးပါသော ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။
Jan 26, 2022
မျှော်လင့်ရင်ခုန်နေမိသည့် လူငယ်နှင့်စာပေပွဲတော်
အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ရတနာကလေးလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် “လူငယ်နှင့်စာပေပွဲတော်”ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။