Mar 07, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများအား အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ပြည်တွင်းစိုက်ပျိုး ဧရိယာ၏ ၁၆ ရာခိုင်နှုန်းကို ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိသည်။ ၂၀၁၉၂၀၂၀ ခုနှစ်တွင် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း) စိုက်ဧရိယာ ဧက ၇ ဒသမ ၅၅ သန်းရှိပြီး စုစုပေါင်းတင်း ၁၉၆ ဒသမ ၇၅ သန်း ထွက်ရှိခဲ့ပါသည်။
Mar 06, 2022
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်တွင်တည်ရှိသော သမိုင်းအစဉ်အလာရှိသော ရေကြောင်းအတတ်ပညာသင် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ တစ်ချိန်က ရေကြောင်းပညာသိပ္ပံ (Institute of Marine Technology) IMT အမည်ဖြင့် ကာလရှည်ကြာစွာ ရပ်တည်ခဲ့ပြီး ပင်လယ်ပျော် သင်္ဘောသားတို့ မွေးထုတ်ပေးရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေကြောင်းအတတ်ပညာ သင်ကျောင်းလည်း ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မျိုးဆက်သစ် ရေကြောင်းအရာရှိလောင်းတို့ကို အားသစ်လောင်းကာ နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနေပြီး နိုင်ငံတော်အတွက်သာမက နိုင်ငံတကာ ရေကြောင်းလောကအတွက်ပါ အားထားရသော ရေကြောင်းကောလိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။
Mar 06, 2022
မြန်မာနိုင်ငံသည် စာတတ်မြောက်မှုမြင့်မားသည့် နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းအရ မြို့ပြနေစာတတ်မြောက်မှုနှုန်းမှာ ၉၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်များတွင် ၈၇ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ သက်ကြီးစာတတ်မြောက် မှုနှုန်းမှာလည်း အားရဖွယ်ဖြစ်သည်။ ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံးပညာ သင်ယူခွင့်ရှိသည်။ မသန်စွမ်းသူ နိုင်ငံသားများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရရှိသူများကိုပင် ပညာသင်ယူခွင့်ရရှိ စေရန် ဥပဒေအရ အခွင့်အရေးပေးထားသည်။ ထို့ကြောင့် စာတတ်လာသူ ကလေးသူငယ်၊ အရွယ်ရောက်သူတိုင်း
Mar 04, 2022
အသက်အရွယ်ကန့်သတ်ချက်တို့ ကွဲပြားနေ ကြငြား အနာဂတ်ခြေလှမ်းတို့ကို ပိုင်ဆိုင်နေသူ သည် လူငယ်ပင်ဖြစ်သည်။ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်ကမူ အသက် (၁၅) နှစ်မှ (၃၅) နှစ်အထိကိုလူငယ် ဟု ဆိုသည်။
Mar 04, 2022
ပုသိမ်မြို့ရေပေးရေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးနှင့် အတူတက်ရန် ခရီးစဉ်ဖြစ်လာလို့ ဇာတိရွာ မရောက်တာ ခြောက်နှစ်ကျော်၊ ခုနစ်နှစ်... အဖေနဲ့မတွေ့ရတာ သုံးနှစ်ခန့်ရှိပြီ။ အဖေက အသက် (၉၁) နှစ်။ အမေကတော့ အသက် (၈၁) နှစ်... လွန်ခဲ့တဲ့ လေးနှစ်က ကွယ်လွန် သွားပြီ။ ဝန်ကြီးထံ ခွင့်တောင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေစစ်ရင်း ဇာတိရွာကို ရောက်ဖြစ်ခဲ့ပါတယ်။
Mar 03, 2022
ပြောင်းလဲလာသည့် ရာသီဥတုကြောင့် တောင်သူများမိုးမျှော်၍ စိုက်ပျိုးရေးလုပ်ဆောင်ရန် ခက်ခဲလာပြီး မိုးမျှော်၍ စိုက်ပျိုးမည်ဆိုပါကလည်း စီးပွားဖြစ်မည်မဟုတ်။ ထို့အတွက် မိုးကိုမမျှော်ဘဲ အချိန်မှန် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းအဆောက်အအုံများကို တောင်သူများ အားကိုးအားထားပြုလာကြသည်။
Mar 02, 2022
“လူ့သမိုင်းတစ်လျှောက် မရပ်မနားကြားနေရတဲ့ကြောက်စရာအသံတွေက စစ်မောင်းသံနဲ့ စစ်ချီသံတွေပါပဲ”ဟု သုတေသီ အာသာကိုအက်စ်လာ ဆိုခဲ့သည့်အတိုင်း ကမ္ဘာပေါ်တွင် စစ်ပွဲများက ယနေ့တိုင် မပြီးနိုင်၊ မစီးနိုင် အတောမသတ်ဖြစ်ပွားနေဆဲ။
Mar 02, 2022
စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ ကနေ ၈၅ ရက်အတွင်း ဈေးကွက်ဝင် ငွေပေါ်နိုင်သည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အရေးပါသော နေကြာသီးနှံ စိုက်ပျိုးရေးအကြောင်းကို တောင်သူ အများစု စိတ်ပါဝင်စားလာကြပါတယ်။
Mar 01, 2022
၁။ ကျွန်တော့်အနေဖြင့် ဂမ်ဘီယာက မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်လွှာဒုတိယအချက်အပေါ် တုံ့ပြန်ချက် (Observations) နှင့်စပ်လျဉ်း၍ ပြန်လည်တုံ့ပြန် လျှောက်လဲတင်ပြမှာ ဖြစ်ပါတယ်။ ဤအမှုတွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရုံး၌ တရားစွဲဆို ဆောင်ရွက်ခွင့်မရှိကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
Feb 28, 2022
ကျေးရွာလို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့စိတ်ထဲမှာ အရင်ဆုံးတွေးမြင်မိတာကတော့ နေရာ ကျယ်ကျယ် ဝန်းဝန်းရှိတဲ့ ကွင်းပြင်ကြီးတွေရယ်၊ လတ်ဆတ်တဲ့ အစားအစာ၊ သန့်ရှင်းသောလေ ခံစားနိုင်တဲ့ သာယာလှပတဲ့ နေရာများပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းသာယာ အေးချမ်းတဲ့ ကျေးရွာတွေမှာ နေထိုင် ကြတဲ့ ပြည်သူတွေရဲ့ဘဝ အစဉ်လှပစေဖို့ ၂၁ ရာစု ခေတ်ရေစီး ကြောင်းနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက် စေသော ကျေးလက်လူနေမှုပုံစံများအဖြစ် ပြောင်းလဲ သွားကြဖို့ လိုအပ်လာတာပဲ ဖြစ်ပါတယ်။ ယခုလိုကျေးလက်လူနေမှုပုံစံများ ခေတ်မီ တိုးတက် ပြောင်းလဲ စေဖို့ အတွက် ခေတ်စနစ်နှင့်ကိုက်ညီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့် တင်သည့် “ခေတ်မီစံပြကျေးရွာ” များကို ထူထောင်ပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ “ခေတ်မီစံပြ ကျေးရွာ ထူထောင်ခြင်း”ဟု
