Nov 05, 2020
ဆူနာမီဟူသည့် ဝေါဟာရသည် ဂျပန်ဘာသာစကား မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကမ်းခြေသို့ ရိုက်ခတ်လာ သော လှိုင်းလုံးကြီးဟူသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အဓိက အကြောင်းရင်းများဖြစ်သည့် ပင်လယ်အောက်ကြမ်းပြင် တွင် မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲ ခြင်း(သို့မဟုတ်) ရေအောက်ကြမ်းပြင်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုခုဖြစ်ပွားခြင်း၊ ရေခဲတောင်များပြိုကျ ခြင်း၊ ပင်လယ်ပြင်အတွင်းသို့ ဥက္ကာခဲများ ကျရောက်ခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်အပေါ် (သို့မဟုတ်) အောက်ဘက်တွင် ကြီးမားပြင်းထန်သည့် တုန်ခါမှုတစ်ခုခု တို့ကြောင့် ဆူနာမီဖြစ်ပွားနိုင်ပါသည်။ ဘေးအန္တရာယ် ဆိုင်ရာ ကိန်းဂဏန်းများအရ ဖြစ်ပွားသည့် အကြိမ် အရေအတွက်နှင့် နှိုင်းဆကြည့်ပါက ဆူနာမီဘေးသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှုနှင့်ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပေါ်စေနိုင်သော သေမင်းတမန် သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။
Nov 05, 2020
သင့်အနေဖြင့် အခြားသူတစ်ဦး ပြောကြားသည့်စကားကို နောက်ဆုံးမည်သည့်အချိန်က အသေအချာ နားထောင်ခဲ့ ပါသနည်း။ အသေအချာနားထောင်သည်ဆိုသည်မှာ သင့်အ နေဖြင့် နောက်ထပ်ဘာပြောလိုသည်ကို စဉ်းစား ခြင်းမရှိဘဲ၊ သင်၏လက်ကိုင်ဖုန်းကို တစ်ချက်မျှ မကြည့် ဘဲ၊ တစ်ဖက်သား၏ ပြောကြားချက်အပေါ် သင်ပေးလို သည့် မှတ်ချက်ကို မစဉ်းစားဘဲ နားထောင်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။ အလားတူပင် နောက်ဆုံး မည်သည့် အချိန်တွင် အခြားသူတစ်ဦးက သင်ပြောကြားသည်ကို အသေအချာ နားထောင်ခဲ့ပါသနည်း။ ဆိုလိုသည်မှာ သင်ပြောကြားနေသည်ကို တစ်ပါးသူက အလေးဂရုပြု နားထောင်၍ သင်ပြောကြားနေသည့် အကြောင်းအရာ အပေါ် မှန်ကန်စွာ တုံ့ပြန်ခြင်းမျိုး ဖြစ်သည်။
Nov 05, 2020
ရန်ကုန်တက္ကသိုလ်သို့ ပညာသင်ယူတက်ရောက်ခဲ့ဖူးသော ကျောင်းသား ကျောင်းသူတိုင်း အင်းလျား ကန်ပေါင်ပေါ် မရောက်ဖူးသူ ရှိလိမ့်မည်မထင်။ ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် အကြိမ်များစွာရောက်ခဲ့ဖူးသည်။ အကြောင်း သည်ကား အင်းလျားကန်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအတွက် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာ ဖြစ်နေခြင်းကြောင့်ပင်။
Nov 03, 2020
အတွေးအမြင်စာစောင်ကို ဆရာမောင်ဝံသ မရှိတော့သော်လည်း ဆက်လက်ရှင်သန်စေရန် အားထုတ်ကြိုးပမ်းခဲ့သူ၊ ဆရာ၏ ချစ်ဇနီး ဒေါ်မြင့်မြင့်(သီရိဝံသ)ဆုံးသည့်သတင်းသည် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သံ ကြားလိုက်ရသလို ကျွန်မ အကြီးအကျယ် တုန်လှုပ်သွားမိသည်။ စိတ်ထိခိုက် မိပါသည်။ နှမြောတသ ကြေကွဲဝမ်းနည်းရပါသည်။
Nov 03, 2020
ပညာသည် အမှောင်ကိုခွင်းကာ အလင်းကို ဆောင်စေသဖြင့် အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ သခင်က “ပညာသမာ အာဘာနတ္ထိ - လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိနိုင်” ဟူ၍လည်းကောင်း၊ “ပညာနရာနံ ရတနံ - ပညာကား လူတို့၏ ရတနာစစ် ရတနာမှန်ဖြစ်သည်” ဟူ၍လည်းကောင်း ဟောဖော်ညွှန်ပြတော်မူခဲ့ပါသည်။
Nov 01, 2020
မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာ ၃၁ ရက်အထိ ကိုဗစ်- ၁၉ ရောဂါပိုးရှိသူပေါင်း ၅၂၇၀၆ ဦးရှိပြီး သေဆုံးသူပေါင်း ၁၂၃၇ ဦး ရှိသွားပြီ ဖြစ်ပါသည်။ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူများ မှာလည်း ၃၁၃၃၀ ရှိပြီ ဖြစ်ပါသည်။
Nov 01, 2020
ရန်ကုန်တက္ကသိုလ်မုခ်ဦးမှဝင်၍ အဓိပတိလမ်းကို ခြေချမိသူတိုင်းသည် အစွမ်းကုန် ပွင့်လန်းနေသော ရဲရဲနီနေသည့် စိန်ပန်းပွင့်များကို မြင်ရသည့်အခါ ရဲရင့်တက်ကြွသော စိတ်ခံစားမှု ဖြစ်ပေါ်လာ ကြပါသည်။ စိန်ပန်းနီများက မြင်ရသူတို့၏ စိတ်နှလုံးကို ရဲရင့်တက်ကြွစေခြင်း ဖြစ်ပါသည်။ စိန်ပန်းနီတို့ လွှမ်းခြုံသော ရန်ကုန်တက္ကသိုလ်သည် ခေတ်ကာလ အဆက်ဆက် အခက်အခဲ အမျိုးမျိုး ကို ရဲရဲတောက် ကြံ့ကြံ့ခံရင်ဆိုင်ပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျက်ရှိရာ မကြာခင် ရောက်ရှိတော့မည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် (၁၀၀ )တိတိ ပြည့်မြောက်၍ ရာပြည့်သဘင်ပွဲတော်ကို ဆင်နွှဲရတော့မည် ဖြစ်ပါသည်။
Oct 30, 2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် ကျေးလက်ဒေသဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်နိမိတ်၊ မြို့စည်ပင်သာယာရေးနယ်နိမိတ်နှင့် တပ်မြို့စည်ပင်သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ် ထားသော နယ်မြေတွင် ပါဝင်ခြင်းမရှိသော ကျေးရွာ သို့မဟုတ် ကျေးရွာအုပ်စုအဖြစ် သတ်မှတ် ဖွဲ့စည်းသည့် နယ်မြေ အားလုံးကိုဆိုသည် ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။
Oct 30, 2020
ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွား မှုရဲ့ ဒုတိယလှိုင်းဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့လည်း ဒီကပ်ရောဂါကြီးကို ဘယ်လို ရင်ဆိုင် ကျော်လွှားပြီး ပြည်သူတွေအပေါ် ဘယ်လိုမျိုးစောင့်ရှောက်ကုသပေးရ မယ်ဆိုတာကို ပိုပြီးနားလည် သဘောပေါက်လာပြီ ဖြစ်ပါ တယ်
Oct 30, 2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ကိုးရက်မျှသာ လိုတော့သည်။ အချို့သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲတွေ ပေးပြီးကြပြီ။ အချို့ကြို တင် ဆန္ဒမဲတွေ ပေးနေကြသည်။ အချို့သော မဲဆန္ဒရှင်များအတွက် ၎င်းတို့ နေထိုင်ရာ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲတွေရယူကြမည်။ အချို့က ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲတွေ ပေးကြမည်။ အချို့က မဲရုံသို့ကိုယ်တိုင် သွား ရောက် ကာ ဆန္ဒမဲတွေပေး ကြရဦးမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုယ်စီကိုယ်စီ စုံစုံညီညီ ဆန္ဒမဲပေးကြရန် လိုအပ်သည်။ အနှစ်ချုပ်မျှဝေ ပါရစေ။
