Skip to main content
Oct 23, 2020
နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လမ်း/တံတား၊ ကျေးလက်လမ်း/တံတားနှင့် အဆောက် အအုံ၊ မြို့ပြဒေသများ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
Oct 23, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/ အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 20, 2020
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၆၉/၂၈၂) အရ ကမ္ဘာ့စာရင်းအင်းနေ့အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့ကို သတ်မှတ်ပြီး ၅ နှစ်တစ်ကြိမ်ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဗဟိုစာရင်းအင်းအဖွဲ့ကကြီးမှူး၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင်လည်းကောင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပါသည်။ ယခုနှစ် ကမ္ဘာ့စာရင်းအင်းနေ့အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနေကျ ပုံစံအစား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပမည်ဖြစ်ပါသည်။
Oct 20, 2020
“နာဂတ်သက်သေ၊ ကမ္ဘာကြေလည်း မကျေတို့စွာ၊ အံ့မောရာသည်။ နောင်လာပြောဖို့၊ ဥဒါန်းတည်း” မန်လည်ဆရာတော်ဘုရားကြီး မဟာသုတကာရီ၊ မဃဒေဝလင်္ကာသစ် အပုဒ် (၇၈)၊ စာ ၄၈ အပိုင်း - ၁
Oct 19, 2020
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါမောက္ခ ဒေါက်တာမြင့်သိန်း၏ “ဒို့တက္ကသိုလ်တွေ အဆင့်မြင့်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့’’ ဟူသည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုဆောင်းပါး တွင် “မြန်မာနိုင်ငံတက္ကသိုလ်များသည် ကမ္ဘာ့တက္ကသိုလ်အဆင့်အလိုက်နှင့်အတူ နိုင်ငံအတွင်းအဆင့် (၁) ရန်ကုန်တက္ကသိုလ်၊ (၂) မန္တလေးတက္ကသိုလ်၊ (၃) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စသည်တို့ အဆင့်ဆင့်တက်လာသည်ကို တွေ့ရှိရပါသည်’’ဟူ၍ ရေးသားတင်ပြထားပါသည်။
Oct 19, 2020
တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲ ဒုလ္လဘတစ်ခုအဖြစ် ပြောဆို ရေးသားရခြင်း ကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်းသိမ်ဖျင်းလှ သော ဒေသစွဲစိတ်တစ်ခု သဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်....။ ပြောစရာရှိ၍ ပြောရပေဦးမည်။
Oct 19, 2020
မြေယာရှုခင်း(Landscape)ဆိုတာ သဘာဝကို အခြေ ပြုတဲ့၊ လူသားတွေနဲ့ ဆက်စပ်နေတဲ့ ဝေါဟာရတစ်ခုပါ။ ဒီဝေါဟာရကို ကမ္ဘာကျော် အင်္ဂလိပ်အဘိဓာန်ကြီးများဖြစ် တဲ့ မာရီယမ်ဝဘ် စတား၊ ကိမ်းဘရစ်နဲ့ အောက်စဖို့ဒ်တို့က “မြေပြင် ပေါ်မှာရှိတဲ့ ရေမြေတောတောင်စတဲ့ သဘာဝ သွင်ပြင်လက္ခဏာကို ဖြစ်စေ၊ ကျေးလက်ဒေသရှုခင်းကို ဖြစ်စေ၊ တစ်နေရာကနေ တစ်ချိန်ချိန်မှာ မြင်တွေ့လိုက် ရတဲ့မြင်ကွင်း (သို့မဟုတ်) အဲဒီမြင်ကွင်းကို ပုံဖော်ရေးဆွဲ ထားတဲ့ ရှုခင်းရုပ်ပုံ” ဖြစ်တယ်ဆိုပြီး အဓိပ္ပာယ်ဖွင့်ကြ ပါတယ်။‌ ယေဘုယျအားဖြင့်တော့ လူသားတွေရဲ့ မျက်စိနဲ့ မြင်ရတဲ့ မြေပြင်ပေါ်က သဘာဝမြင်ကွင်းဖြစ်စေ၊ လူတွေ ပြုလုပ်ဖန်တီးလို့ဖြစ်လာတဲ့ စိုက်ပျိုးခင်း၊ လမ်း၊ အိုးအိမ် အဆောက်အအုံ၊ အလှစိုက်သစ်ပင်ပန်းမန်တွေ စုဖွဲ့ထားတဲ့ မြင်ကွင်းဖြစ်စေ ဒါတွေဟာ မြေယာရှုခင်းပဲ ဖြစ်တယ်။
Oct 18, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ဆေးတက္ကသိုလ် -၁(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Oct 18, 2020
မြန်မာ့ပညာရေး၏ မီးရှူးတန်ဆောင်ဖြစ်သော၊ မြန်မာပြည်သူပြည်သားအပေါင်း၏ နှလုံးသည်းပွတ်ဖြစ်သော၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ၏ မိခင်ကြီးသဖွယ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ပြီ ဖြစ်ပါသည်။ သမိုင်းအစဉ်အလာကြီးမားစွာဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရသော၊ သားကောင်းရတနာ လူချွန်လူကောင်းများစွာကို မွေးဖွားပေးခဲ့သော ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဝင့်ထည်စေခဲ့သော အမိရန်ကုန်တက္ကသိုလ် ကြီး၏သက်တမ်း ၁ဝဝပြည့်မြောက်သည့် ရာပြည့်မွေးနေ့ အခါသမယကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြရမည် ဖြစ်ပါသည်။
Oct 17, 2020

တွေ့ဆုံမေးမြန်း-ဒါရိုက်တာကြည်စိုးထွန်း

ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ် သူ့အခါက ထင်ရှားသော ဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။