Oct 02, 2024

စိန်ရတုဆိုတာ အကြောင်းအရာတစ်ခုခုက နှစ်ပေါင်း ၇၅ နှစ်တိုင်သည်အထိ တည်တံ့ခိုင်မြဲနေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ စိန်ဆိုတာကတော့ လူတိုင်းကမြတ်နိုးစွာ တန်ဖိုးထားရသလို အဖိုးလည်းထိုက်တန်လှတဲ့ ရတနာတစ်မျိုးပါ။
Oct 02, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 01, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။
Oct 01, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Sep 30, 2024

ယခုတလော “လျှပ်စစ်ထုတ်တဲ့ဆည်တွေ ဖောက်ချလိုက်လို့ ရေတွေကြီးတာ” ဆိုပြီး ဝါဒဖြန့်နေမှုများကို ဆိုရှယ်မီဒီယာများတွင် တွေ့လာရသဖြင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ ဆည်မြောင်းတာတမံများအကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။
Sep 30, 2024

နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်လို့ အလွန်အရေးကြီးလှတဲ့ ယနေ့အချိန်အခါကာလမှာ နိုင်ငံသားအများစုရဲ့ “နိုင်ငံရေး” အပေါ် အဓိပ္ပာယ်ကောက်ယူပုံ၊ နားလည်ပုံ၊ တာဝန်ယူပုံတို့ဟာ များစွာအရေးကြီးလှပါတယ်။ နိုင်ငံရေးဆိုတာဟာ နိုင်ငံတည်ဆောက်ရေးအတွက် ကွဲပြားခြားနားတဲ့အမြင်၊ သဘောထားရှိသူတွေက အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဖြစ်နိုင်ခြေရှိတာတွေကို ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုတာဟာ ကွဲပြားတဲ့တန်ဖိုးတွေ၊ အကျိုးစီးပွားတွေ၊ ရည်မှန်းချက်တွေကြောင့် ဖြစ်ပေါ်လာရတာမှန်သော်လည်း အဲ့ဒီကိစ္စတွေကိုဖြေရှင်းဆောင်ရွက်ဖို့ အတိုက်အခံလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံတည်ဆောက်ရေးဟာ အတိုက်အခံလုပ်ငန်းစဉ် မဟုတ်ပါဘူး။
Sep 30, 2024

“အသက်အရွယ် အိုမင်းခြင်း သို့မဟုတ် မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှုရပိုင်ခွင့်ရှိသည်” ဟု က မ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၅ (၁) တွင် ဖော်ပြထားပါသည်။ အသက် ၆၀ နှစ်အထက်ကို သက်ကြီးပုဂ္ဂိုလ်ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် အမှတ် (၄၅/၁၀၆)ဖြင့် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons) ဟု ဂုဏ်ပြုသတ်မှတ်ခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်တွင် ဆယ်စုနှစ်သုံးခုကျော်၍ လေးနှစ်စွန်းလာပြီ။
Sep 29, 2024

မြွေဆိပ်ဖြေဆေးရရှိရန် ခက်ခဲနေသော နိုင်ငံအချို့တွင် ရေကြီးနေသဖြင့် မြွေကိုက်ခံရသည့်အန္တရာယ် ပိုကြီးမားလာနေကြောင်း၊ ရေဘေးကြောင့် မြွေကိုက်ခံရမှု ပိုများလာသည်ကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တောင်ဆူဒန်နှင့် အခြားနိုင်ငံများတွင်တွေ့ရကြောင်းနှင့် မြွေကိုက်ခံရသူများအနက် နှစ်စဉ် လူပေါင်း ၂၄၀၀၀ ခန့် မသန်စွမ်းသူများအဖြစ် ကျန်ရစ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာလ ၁၇ ရက်နေ့တွင် သတိပေးထားသည်။
Sep 29, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဥပဒေပုဒ်မ (၄၁) နှင့်အညီ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ် စိုက်ထုတ်ကျခံသုံးစွဲရမှုကို လျှော့ချနိုင်ရန် ထုတ်လုပ်မှုကုန်ကျစရိတ်များကာမိစေသော လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။
Sep 29, 2024

မြန်မာအဘိဓာန်တွင် ဆရာကို “ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဆရာတစ်ယောက်သည် တပည့်များအား စာပေပညာသင်ကြားပေးရုံမျှမက မိမိတပည့်များ၏ အနာဂတ်ဘဝလှပတင့်တယ်စေရန်အတွက် ဆုံးမသွန်သင်နည်းပေးလမ်းပြပြုလုပ်သူဖြစ်ရမည်။ တပည့်များက မိမိကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားလာစေရန် မိမိကိုယ်နှိုက်က တပည့်များ၏ စံနမူပြပုဂ္ဂိုလ်ဖြစ်ရန် အရေးကြီးပါသည်။