May 06, 2024

ဒီအသံတွေက အရင်တုန်းက မကြာခဏကြားခဲ့ကြရတဲ့အသံတွေ ဖြစ်ပါတယ်။ တစ်ခါတလေ မကြားတကြား ပြောကြတာဖြစ်သလို တစ်ခါတလေကျတော့လည်း ကိုယ့်မျက်စိရှေ့မှာတင် ပြောတာခံနေကြရတာ ဖြစ်ပါတယ်။ မီဒီယာဆိုတဲ့ အဖွဲ့အစည်းတွေ အသံကျယ်နိုင်ခဲ့ကြတဲ့ တစ်ချိန်ကဆိုရင် စာမျက်နှာတွေပေါ်မှာ အတင်းအဖျင်းသတင်းတွေလိုကို ဖတ်နေခဲ့ကြရတာ ဖြစ်ပါတယ်။ မီးသတ်သမားဆိုရင် တစ်စက်မှ အကောင်းမမြင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
May 06, 2024

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံမှသည် တိုးတက်ဖွံ့ဖြိုးသော စက်မှုနိုင်ငံတော်သို့ ဦးတည်ဆောင်ရွက်လျက်ရှိရာ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေလှောင်ကန်များရှိရေများကို ထာဝစဉ် သန့်ရှင်းနေရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးအတွက် အသုံးပြုနေသည့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများသည် မြစ်ချောင်းများအတွင်းသို့ တဖြည်းဖြည်း စိမ့််ဝင်လျက်ရှိသကဲ့သို့ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်သော ညစ်ညမ်းသောရေများသည် ရေညစ်ညမ်းမှုပမာဏကို တိုးတက်စေပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများသည် အထူးသဖြင့် ဧရာဝတီမြစ်နှင့် မြစ်လက်တက်များရှိရာ အထက်ပိုင်းတွင်တည်ရှိပါက အလွန်အရေးကြီးပြီး မြစ်အောက်ပိုင်းတွင် နေထိုင်သူများအပေါ် သက်ရောက်နိုင်မှုများ ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပေသည်။ ထိုသို့ သက်ရောက်စေမှုများတွင် ရေရရှိနိုင်မှုနှင့် ရေအရည်အသွေးတို့ အပေါ်သာ သက်ရောက်သည်မဟုတ်ဘဲ ရေထုထည် စီးဆင်းမှုနှုန်းများ၊ သဲနုန်းပို့ချမှုဖြစ်စဉ်များအပေါ်တွင်ပါ သက်ရောက်စေပါသည်။
May 05, 2024

မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့်အတူ ရထားလုပ်ငန်းပေါ်ထွန်းခဲ့ပြီး ယခုဆိုလျှင် (၁၄၇) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ သမိုင်းကြောင်းရှည်လျားခဲ့သည့်ကာလအတွင်း ရထားပြေးဆွဲခြင်း လုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခု ဖြစ်သည်ဟုလည်း တင်စားလိုက်ရပါသည်။
May 05, 2024

ပူပြင်းခြောက်သွေ့သော နွေရာသီကမီးလောင်လွယ်သည်။ မိုးရေထဲတွင်ပါရှိသော သဘာဝအက်စစ်ဓာတ်က မီးလောင်ခြင်းကိုအားပေးသည်။ မြောက်ပြန် လေညင်းဆောင်းဥတုက မီးလောင်မှုကိုပို၍ တွန်းအားဖြစ်စေသည်။ ထို့ကြောင့် နွေ၊ မိုး၊ ဆောင်း ချိန်ခါမရွေး၊ နေရာမရွေး လောင်တတ်သည့် မီးဘေးအန္တရာယ်ကို လူတိုင်းဂရုပြုသင့်ပါသည်။ မီးဆိုသည်မှာ သုံးတတ်လျှင် လူသားတို့အတွက် အကျိုးရှိဖြစ်ထွန်းစေသော်လည်း စည်းစနစ်တကျ မသုံးတတ်ပါက ဘေးဒုက္ခအန္တရာယ်ပေးနိုင်သော ရန်သူအသွင် ရောက်ရှိသွားခြင်းကို မီးလောင်မှုများကနေ မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီဖြစ်ရာ ရန်သူမျိုး ငါးပါးထဲမှာ တစ်ပါးပါသော မီးဘေးအန္တရာယ်ကို အိမ်ထောင်တစ်စုမှသည် ပြည်သူလူထုတစ်ရပ်လုံး စုပေါင်းကြိုတင်ကာကွယ်ထားသင့်ပါသည်။
May 05, 2024

“ကြည့်မြင်တိုင်ပါတီခေါင်းဆောင်မှာ ဆရာထွန်းစိန် ခေါ် သခင်ထွန်းဖြစ်၏။ ဆရာထွန်းစိန်မှာ စကားပြောလျှင် ပျော့ညက်ပျော့ညက်ပြောတတ်သလောက် လူတစ်ယောက်ကိုလည်း အပျော့ဆွဲဆွဲနိုင်စွမ်းရှိသူဖြစ်၏။ သို့သော် ကျွန်တော်တို့ကို ကွန်မြူနစ်ပါတီထဲရောက်အောင် ဆွဲခေါ်ခဲ့သူဖြစ်သော်လည်း တောခိုသည့်အခါတွင်မူ ဆရာထွန်းစိန်တစ်ယောက် မြို့ပေါ်မှာပဲ ကျန်ရစ်ခဲ့လေသည်”။
May 05, 2024

ရာသီဥတုပြောင်းလဲလာခြင်း၏ အကျိုးဆက်များကြောင့် ကမ္ဘာ့နိုင်ငံအများစု၏ ရေဆိုင်ရာကဏ္ဍများတွင် တိုက်ရိုက်အကျိုးဆက် ခံစားရလျက်ရှိပြီး ယင်းအကျိုးသက်ရောက်မှုသည် သက်ရှိလူသားများ၊ ဂေဟစနစ်များအပြင် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍစသည့်ကဏ္ဍအသီးသီးတို့ကိုပါ ထိခိုက် စေလျက်ရှိကြောင်း တွေ့ရှိကြရပါသည်။ ၂၀ ရာစုနှစ်လယ်ပိုင်းမှစတင်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ရေသံသရာလည်မှုများကို ထင်ရှားစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိခဲ့ကြရပါသည်။ ဤပြောင်းလဲမှုများသည် ကမ္ဘာပေါ်ရှိ ရေအရင်းအမြစ်၊ ရေနှင့် သန့်ရှင်းရေ ရရှိနိုင်မှုများအပေါ် များစွာသက်ရောက်မှုရှိသည်ကိုလည်း တွေ့ရှိကြရပါသည်။ ရာသီဥတုပြောင်းလဲမှုများ၏ သက်ရောက်မှုကြောင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း၊ အပူချိန်မြင့်မားခြင်းနှင့်အတူ ရေငွေ့ပြန်ခြင်းနှင့် ရေလိုအပ်ချက်များ မြင့်မားလာခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းနှင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း၊ လွန်ကဲမိုးလေဝသဖြစ်စဉ်အရေအတွက် တိုးမြင့်လာခြင်းစသည်တို့ကြောင့် ရေလိုအပ်ချက်ပုံစံပြောင်းလဲလာခြင်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရှိကြရပါသည်။
May 04, 2024

တတိယနိုင်ငံများဟု ခေါ်ဝေါ်ရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်အများစုသည် ရေကြည်ရာမြက်နုရာ မိမိတို့အဆင်ပြေမည်ထင်သည့် နိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်လေ့ရှိကြသည်။
May 04, 2024

မီးလောင်မှုတစ်ခုဖြစ်ပွားသည့်အခါ တာဝန်အရှိဆုံးနှင့် သက်စွန့်ဆံဖျား ဆောင်ရွက်နေသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည့် မီးသတ်ဦးစီးဌာန(Fire Services Department- FSD) ဖြစ်ပါသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းလမ်းညွှန်မှုများနှင့်အညီ ဌာန၏ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းတို့ကို စနစ်တကျလေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် မီးလောင်မှုဖြစ်ပွားပါက ဘေးအန္တရာယ်ကျရောက်မှုမှာလည်း ပိုမိုမြင့်မားသည့် အတွက် မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို "မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်" ဆောင်ပုဒ်အတိုင်း မီးသတ်တပ်ဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်နေသလို ပြည်သူလူထုအားလုံးကလည်း မီးသတ်ဆေးဘူးအသုံးဝင်ပုံကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်လှပေသည်။
May 03, 2024

ယခုအခါ ကမ္ဘာနှင့်အဝှမ်းရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိသည်။ အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ရလျက်ရှိပါသည်။ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (Ultra-Violet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သော အပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးပါသည်။
May 03, 2024

ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းအလေ့အထသည် ရေနှင့်တူပါသည်။ ရေသည် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်ပေါင်းစပ်ခြင်းဖြင့် ရရှိလာသောဒြပ်ပေါင်း ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ် တစ်ခုပေါင်းစပ်ခြင်းဖြင့် ရေဆိုသည့်မော်လီကျူး ရရှိပါသည်။ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် မှန်ကန်စွာ ပေါင်းစပ်မှသာ ရေနှင့် အရောင်၊ အနံ့၊ အရသာမရှိသော ရေ၏ဂုဏ်သတ္တိများရရှိလာပါသည်။ ရေတွင် ဟိုက်ဒရိုဂျင် သို့မဟုတ် အောက်ဆီဂျင်ပါဝင်မှုလျော့နည်းသွားပါက ရေ၏အရည်အသွေးများ လျော့နည်းကျဆင်းသွားပါသည်။ ကျောင်းသားနှင့် စာဖတ်ခြင်းဆိုသည်မှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။