Apr 23, 2024

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။
Apr 23, 2024

“ကိုအောင်ရေ... ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာအုပ်စာစောင်တွေနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကတော့ တိုင်းပြည်အတွက် အကျိုးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်လို့ ငါတော့ခံစားမိတယ်ကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ဦးစီးပြီး ဒီလိုဆောင်ရွက်တာမျိုး တစ်ခါမျှမတွေ့ဖူး၊ မကြုံဖူးဘူး။ အဲနောက်ပြီး နိုင်ငံတော်ထဲမှာရှိတဲ့ ဒို့နိုင်ငံသားတွေ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အားနည်းနေတယ်ဆိုတာကို ထောက်ပြတာကလည်း အတော်လေးမှတ်သားစရာကောင်းတယ်ကွာ”
Apr 22, 2024

လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများထဲတွင် “မီး” သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မီးသည် “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ” ဖြစ်နိုင်ခြင်းကို အစဉ်သတိပြုသင့်ပါသည်။ “သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ”ဆိုသည့်အတိုင်း မီးလောင်လျှင် စည်းစိမ်ဆုံးရှုံးမှုများ ကြုံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှု ပြုသင့်သည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။ သို့မှသာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမည့် မီးဘေးအန္တရာယ်ဆိုးမှ လွတ်မြောက်ချမ်းသာရမည်ဖြစ်ပေသည်။
Apr 22, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Apr 22, 2024

ဤကမ္ဘာမြေပေါ်တွင် လူသားအဖြစ်ရပ်တည် ကတည်းက နေ၊ လေ၊ မြေ၊ ရေ၊ သဘာဝပေါက်ပင်ဟူသော သဘာဝ၏အခမဲ့လက်ဆောင်များဖြင့် ထိတွေ့ကြရသည်။ လူသားနှင့် သဘာဝသည် ဆက်နွှယ်မှုကြီးမားသည့်အလျောက် လူသားတို့သည် မိမိတို့၏သဘာဝပတ်ဝန်းကျင်အနေအထား ပြောင်းလဲမှုများကိုသိရှိရန် လေ့လာထားကြရမည်။ သဘာဝတရားနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြရမည်။ လူသားတို့၏ အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်တည်ဆောက်နေထိုင်ခြင်းတို့သည် သဘာဝတရား၏ ပြောင်းလဲမှုအခြေအနေအရ ပြုပြင်နေထိုင်ကြရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူသားတို့သက်တမ်းရှည်ကြာစွာဖြင့် ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် သဘာဝတရား၏ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော မိုးလေဝသနှင့်ရာသီဥတုကို သိရှိနားလည်ပြီး ထိန်းသိမ်းကာကွယ်မှုများပြုလုပ်ရန် လိုအပ်ပါသည်။
Apr 22, 2024

၁. ၄. ၂၀၂၄(တနင်္လာနေ့) နေ့လယ် ၁ နာရီက နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ်လည်နေ့အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ ရုပ်ရှင်နှင့် သဘင်ဂီတအနုပညာရှင်များပူးပေါင်း၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများထဲမှ “ပန်းတိုင်းပွင့်ပါစေ”တိုင်းရင်းသားပေါင်းစုံ တေးသရုပ်ဖော် အဆို၊ အက၊ အလှများ ပါဝင်ခဲ့ကြပါသည်။
တစ်ချိန်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီးထဲတွင် ပြည်ထောင်စု နေ့တိုင်း တင်ဆက်ကပြသီဆိုခဲ့ကြသည်ကို ပြန်လည်မြင်ယောင် ကြားယောင်သွားခဲ့ပါသည်။
Apr 22, 2024

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများမှာဖြစ်ပြီး အများစုကစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ကျွန်ုပ်တို့မြန်မာ နိုင်ငံသည် ရာသီဥတုမျှတပြီး ရေမြေသဘာဝ၊ မြေဆီမြေဩဇာပြည့်ဝ၍ ရေခံမြေခံကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ထိုအခြေခံကောင်းများအပေါ်မူတည်၍ လက်ရှိနိုင်ငံတော်အစိုးရက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသည့် စီးပွားရေးဦးတည်ချက်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်များကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။
Apr 22, 2024

သည်တစ်ပတ် ရာသီဥတုက သိသိသာသာ ပူလာသည်။ လေအေးပေးစက် ဖွင့်မထားလျှင် ရုံးခန်းအတွင်းတွင်ပင် ၃၈ ဒီဂရီစင်တီဂရိတ်ခန့် ရှိနေသည်။ လေအေးပေးစက်မကြိုက်သည့် ဘကြီးအောင်ပင်လျှင် လေအေးပေးစက်မပိတ်ဖြစ်တော့။ သည်ကြားထဲဘဏ္ဍာရေးနှစ်ကုန်အပြီး ဘဏ္ဍာရေးနှစ်စမို့ အစည်းအဝေးတွေက များသည်။ တစ်နေ့လျှင် အနည်းဆုံးတစ်ခုက ပုံမှန်ရှိနေတတ်သည်။ ဘကြီးအောင်ပင်လျှင် ကိုယ်တာဝန်ယူထားရသည့်ကိစ္စရပ်များအတွက် ပြီးပြတ်ရန် အစည်း အဝေးခေါ်ရသည်။ ဆွေးနွေးရသည်။ ဆုံးဖြတ်ရသည်။ သောကြာနေ့သည် ရုံးဝန်ထမ်းများ ရက်သတ္တတစ်ပတ်အတွင်း နောက်ဆုံးရက် ဖြစ်သဖြင့် အလုပ်တွေကို ဖြတ်ရသည်။ ရုံးမှအိမ်သို့ ပြန်သည့်အချိန်တွင် လက်မှနာရီကို ကြည့်လိုက် သည့်အခါ ည ၇ နာရီ ခွဲပြီးနေပြီ။
Apr 21, 2024

ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်းဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏အသည်းနှလုံးသဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပေသည်။ အေဒီ (၁၁)ရာစုမှ အေဒီ (၁၃)ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်းတီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည်တို့၏ရင်ထဲတွင် အံ့မခန်းရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင်ဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာလက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာအနုပညာလက်ရာကို ကိုယ်ပိုင်တီထွင်ပုံဖော်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည်။
Apr 21, 2024

ဒီရေတောမျိုးစိတ် ၇၀ အနက် မြန်မာနိုင်ငံတစ်ခုတည်းတွင် ၃၄ မျိုးရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အကြီးဆုံးဒီရေတောပမာဏကို တွေ့ရှိနိုင်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ရှင်သန်ပေါက်ရောက်ရာနေရာများ ဆုံးရှုံးခြင်းကြောင့် ဒီရေတောများ ပြုန်းတီးမှုအန္တရာယ်ကို ရင်ဆိုင်နေရသည်။