Skip to main content

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦးရှိ

နေပြည်တော် မတ် ၁၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြား စာစစ်ဌာန ၁၃ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦး၊ ပျက်ကွက် ၁၁၉၅၄ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၅၉ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်