Skip to main content

စာရေးသူ သိပ္ပံနည်းပညာ အင်ဂျင်နီယာထွန်း (၁၉၉၂ ခုနှစ် စက်မှုစီးပွားထူးချွန်) ရေးသားသော “သိပ္ပံနည်းပညာဆောင်းပါးစု” စာအုပ် ထုတ်ဝေဖြန့်ချိ

နေပြည်တော် မတ် ၁၈

စာရေးသူသိပ္ပံနည်းပညာ အင်ဂျင်နီယာထွန်း (၁၉၉၂ ခုနှစ် စက်မှုစီးပွားထူးချွန်) ရေးသားသော “သိပ္ပံနည်းပညာဆောင်းပါးစု” စာအုပ်ကို စာပေဗိမာန်က ပထမအကြိမ် ထုတ်ဝေလိုက်ပါသည်။

စာအုပ်တွင် EV (လျှပ်စစ်ကား)နှင့် ICE Vehicle (လောင်စာဆီသုံးအင်ဂျင်ကား)တို့ ကွာခြားမှုအားသာချက်များအကြောင်း၊ လေဟာနယ် သဲနုခြောက်သွန်းပုံအတွင်း သတ္တုရည်သွန်းလောင်းခြင်းနည်းပညာ(Introduction to V-Process)၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး သဘာဝစွမ်းအင်၊ တိုယိုတာ(Toyota)အခြေပြု စွမ်းအားပြည့် စွမ်းရည်ပြည့်ကုန်ထုတ်လုပ်ခြင်းနည်းစနစ်၊ လေဟာနယ်အတွင်း သတ္တုသွန်းလောင်းထုတ်လုပ်မှု၊ အစားအစာနှင့် ရေထည့်သည့်ပလတ်စတစ်ထည့်စရာများ၏ အန္တရာယ်၊ အဆိပ်ဓာတ်ငွေ့များပျောက်စေတဲ့ EV ယာဉ်နဲ့ နေရောင်ခြည်စွမ်းအား၊ ယနေ့လူငယ်များအကြောင်း၊ သုတသိပ္ပံနည်းပညာ(လေဟာနယ်ပုံအတွင်း သတ္တုသွန်းလောင်းခြင်း၊ ခေတ်မီလျှပ်စစ်ကား) အကြောင်း ဟောပြောဆွေးနွေးခြင်း၊ သုတသိပ္ပံနည်းပညာ(လေဟာနယ်ပုံအတွင်း သတ္တုသွန်းလောင်းခြင်း၊ ခေတ်မီလျှပ်စစ်ကား) အကြောင်း သိကောင်းစရာများ စသည်ဖြင့် ဆောင်းပါး ၁၈ ပုဒ်ကို စုစည်းဖော်ပြထားပါသည်။

ခေတ်မီသိပ္ပံပညာနှင့် နည်းပညာများကို စိတ်ဝင်စားသူ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း စာရေးသူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သည့် နည်းပညာဆောင်ရွက်ချက်များကို လေ့လာလိုသူ စာဖတ်ပရိသတ်များ ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာအုပ်တွင် စာမျက်နှာ ၂၀၅ မျက်နှာပါဝင်ပြီး တန်ဖိုးငွေကျပ် ၅၀၀၀ ဖြင့် ရန်ကုန်အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်