Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဧပြီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်နှင့် သုံးရေများဖြည့်တင်းရေး ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နှစ်ကူးသင်္ကြန်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ အေးချမ်းကြပါ စေကြောင်းရည်ရွယ်၍ အတာရေများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်