Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ၏ ရုံးအဆောက်အအုံ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်သည် ဧပြီ ၁၅ ရက်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၏ ရုံးအဆောက်အအုံပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဝန်ထမ်းများအား ယာယီနေရာချထားမှုနှင့် အစားအသောက်များ ဖြန့်ဝေပေးခြင်းများ၊ ရေ၊ မီး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်