နေပြည်တော် ဧပြီ ၁၆
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ကြီးဌာနများဖြစ်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနများရှိ ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့ရှိ ဝန်ထမ်းများနှင့် နေပြည်တော် သပြေကုန်းရှိ ရပ်ကွက်များနှင့် ဥတ္တရသီရိမြို့နယ် ချင်းရွာရှိ ပြည်သူများသို့ ရေငန်ငါး (ငါးမဲလုံး) များကို သက်သာသောနှုန်းထားဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဧပြီ ၁၄ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးလုပ်ငန်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့် စုစုပေါင်းငါးပိဿာချိန် ၁၀၀၀ ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်