Skip to main content

စစ်ကိုင်းမြို့နယ်၌ မွေးမြူရေးငါးတန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

စစ်ကိုင်း ဧပြီ ၂၁

မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါငလျင်ဒဏ်ခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံစား ခဲ့ရသည့် ပြည်သူများသို့ Global Earth Afro &Aqua Industry Public Co., ltd မှ မွေးမြူရေးငါးတန်များအား စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးများရောင်းချရာတွင် စစ်ကိုင်းတောင်ခြေ၊ သောတာပန်စျေးတွင် သောတာပန်ရပ်ကွက်၊ သရက်ပင်ဆိပ်ရပ်ကွက်၊ ထန်းတောရပ်ကွက်နှင့် သီလရှင်စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှလည်းကောင်း၊ ငါးလုပ်ငန်းသင်တန်းကျောင်းရှေ့တွင် ပါရမီရပ်ကွက်၊ ဇေယျာကွက်သစ်၊ အိုးဘိုရပ်ကွက်၊ နန်းဦးမြို့သစ် ရပ်ကွက်တို့မှလည်းကောင်း၊ စစ်ကိုင်းမြို့ မြို့မစျေးတွင် မြို့ပေါ်ရပ်ကွက်များမှလည်းကောင်း လာရောက်ဝယ်ယူကြပြီး စုစုပေါင်းပိဿာချိန် ၆၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်