Feb 18, 2025
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
Feb 18, 2025
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်တို့ကလည်း အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုအပါအဝင် အခြားဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို တင်းတင်းကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။
Feb 18, 2025
တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများတွင် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများမှာ ယခုအခါ အမှတ်စဉ် (၁၀) သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်နှင့်အညီ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီးသည့်နောက် နိုင်ငံ့သားကောင်းရတနာ အမျိုးသားလူငယ်များကို သင်တန်းသားခေါ်ယူခဲ့ရာ မိမိအလှည့်ကျရောက်လာသည်အထိ စောင့်ဆိုင်းမနေဘဲ ကိုယ်တိုင်အဆိုပြုကာ ဆန္ဒအလျောက် သင်တန်းတက်ရောက်ကြသူ အများအပြားရှိခဲ့သည်ကို တွေ့ရသည်။
Feb 17, 2025
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ နွေဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ တစ်ခါတစ်ရံ ရေကြီးရေလျှံခြင်းများနှင့် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် လေပြင်းတိုက်ခတ်မှုအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်နှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
Feb 17, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဝါးအလယ်ကျွန်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Feb 17, 2025
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာကြော်ငြာခနှုန်းထားများ
Feb 17, 2025
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း ၂၈၁ အုပ် ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အဆိုပါတက္ကသိုလ် စာကြည့်တိုက်၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ တက်ရောက်လက်ခံသည်။
Feb 17, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
Feb 17, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ရန်အပ်နှံထားသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ချုပ်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 17, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ