Feb 17, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာအေးစေတီလမ်းရှိ အမျိုးသားအနုပညာပြတိုက်အဖြစ် ဆောင်ရွက်သွားမည့် (ချင်းချောင်းနန်းတော်) ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Feb 17, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 17, 2025
လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပသည့် တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပသည်။
Feb 17, 2025
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓဘာသာကို ထူးကဲပူဇော် ကိုးကွယ်ဆည်းကပ်သည့်နိုင်ငံဖြစ်သဖြင့် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ အထင်အရှားအထွတ်အမြတ် အထိမ်းအမှတ်လက္ခဏာအဖြစ် တန်ခိုးကြီးသမိုင်းဝင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုနိုင်သည်။ ရွှေတိဂုံစေတီတော်သို့ နေ့စဉ်မပြတ်လာရောက်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးပြည်သူများ၏ စိတ်ဝယ် ရွှေတောင်ကြီးအလားတင်စား၍ ရင်သပ်ရှုမောအံ့ဩဘနန်း ဖူးမြော်ရသည်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ကောင်းခြင်းများစွာကို ရရှိကြရသည်။
Feb 17, 2025
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Feb 16, 2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြခန်းတာဝန်ခံများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး အေဂျင်စီများအချင်းချင်းတွေ့ဆုံ၍ မိမိတို့၏ထုတ်ကုန်များကို နေရာအနှံ့ချိတ်ဆက်ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ကြရန်လည်းကောင်း၊
Feb 16, 2025
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ ၇ ရက်မှစ၍ မတ် ၃၁ ရက်အထိ ဆောင်ရွက်လျက်ရှိရာ အမျိုးသားပြတိုက်(ရန်ကုန်)၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအစီအစဉ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ တက်ရောက်အားပေးသည်။
Feb 16, 2025
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)တွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။
Feb 16, 2025
စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက (၆၃)ကြိမ်မြောက်ကျင်းပရာ ကျောက်ဆည်ခရိုင်၏ နှမ်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း(နွေနှမ်း) သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုများခေါင်းစဉ်ဖြင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Feb 16, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများအား ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။