Skip to main content

Oct 11, 2020

မြန်မာ့ရုပ်ရှင်သည် စတင် ပေါ်ပေါက်လာခဲ့ချိန်မှစ၍ ဖြေဖျော်ရေးသက်သက်မဟုတ်ဘဲ ဖြတ်သန်းလာခဲ့ရသည့် ခေတ်၏အဆက်ဆက်တွင် တိုင်းချစ်ပြည်ချစ်စိတ် ထွန်းကားရေး၊ ပရိသတ်ပြည်သူများ အသိအမြင်ပညာနှင့် ဘဝသင်ခန်းစာကောင်းများ ရရှိရေး၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ ထွန်းကားရေး၊ သရုပ်ပျက် ယဉ်ကျေးမှုများ တိုက်ဖျက်ရေးနှင့် ရသအနုပညာခံစား နိုင်ရေးတို့ကို ရှေးရှုပြီး တင်ဆက်ခဲ့ကြသည်ကို ဂုဏ်ယူ လေးစားဖွယ် တွေ့မြင်ကြရပါသည်။ မြန်မာ့ရုပ်ရှင် အနုပညာရှင်များသည် အမိမြန်မာနိုင်ငံတော်ကြီး ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလအဆက်ဆက်တွင် အမျိုးသားရေးလုပ်ငန်းများ၌ ကိုယ်တိုင်ကိုယ်ကျ စွန့်စား ဆင်နွှဲခဲ့ကြသည်များမှာလည်း သမိုင်းမော်ကွန်းစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2020

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ အောက်တိုဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းပြောကြားရာ၌ “ကျွန်မတို့ နေ့တိုင်း၊ နေ့တိုင်း အဆက်မပြတ်တစ်ချိန်လုံး ဒီရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အမြဲတမ်း စဉ်းစားနေပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ရွေးကောက်ပွဲက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ လိုအပ်ချက်အသီးသီး အားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2020

ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဆိုသည့် မျှော်မှန်းချက်ဖြင့် ပြည်သူလူထုအများစုက ရုန်းကန်ခဲ့ကြသည်။ ယခုအခါတွင် ဒီမိုကရေစီ အခွင့်အရေးများကိုလည်း ရာခိုင်နှုန်းအပြည့် မဟုတ်သော်လည်း အတော်အသင့် ရပြီဟုဆိုနိုင်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုပြင်ရေး၊ တရားစီရင်ရေးတို့တွင် ဒီမိုကရေစီအပြည့်အဝရရှိမှု နှင့် ပတ်သက်၍ အားထုတ်ကြိုးပမ်းစရာတို့ များစွာရှိသေးသည်ဆိုသော်လည်း လူတစ်ဦးချင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၌ ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် များစွာတိုးမြင့်လာနေသည် ဆိုခြင်းကို အငြင်းပွားစရာမရှိဟု မြင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် မြန်မာသံရုံး(၂၇) ရုံး၊ အဖွဲ့ရုံး(၂)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး(၂)ရုံး နှင့် ပြင်ပမဲရုံခွဲ( ၄ )ခုတို့၌ မဲရုံများ စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

(၉-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်းဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၃၁၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၂,၁၅၈)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ)တွင် နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ၂၀-၉-၂၀၂၀ ရက်စွဲပါ အမိန့် အမှတ် ၁၀၇/၂၀၂၀ ဖြင့်လည်းကောင်း၊ နေအိမ်တွင်သာနေထိုင်ရန် စည်းကမ်း ချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူ များတွင် ဖြည့်စွက်ချက်ကို ၂၂-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၈/ ၂၀၂၀ ဖြင့်လည်းကောင်း၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ၅-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၃/ ၂၀၂၀ ဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

၂၀၂၀ပြည့်နှစ် အောက်တိုဘာ (၁၃)ရက်တွင်ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်း အမှတ် အခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြည်လမ်း ရန်ကုန်မြို့ရှိ စတူဒီယို (၁)တွင် Virtual စနစ် ဖြင့်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနား ကျင်းပပုံများကို အောက်တိုဘာ(၁၃)ရက် ညနေ(၅) နာရီမှ စတင် ၍ မြန်မာ့ရုပ်မြင်သံကြားနှင့်မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး MRTV Facebook Page နှင့် MRTV Live တို့တွင်လည်း Live Streaming ထုတ်လွှင့် သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(၁၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်း အဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

မျက်မှောက်အချိန်ကာလတွင် လူတိုင်း လူတိုင်း တစ်ဦးနှင့်တစ်ဦးအနေဖြင့် သတိဖြင့်နေထိုင်ကြရန် လိုအပ်ပါသည်။ ထိုသတိမှာ တစ်ဦးနှင့်တစ်ဦး ကျန်းမာရေးအရ သတိထားရှိရန် ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာရေး နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ ကိုဗစ်-၁၉ ရောဂါကင်းစင် သည်ဟု မယုံကြည် ရန်ဖြစ်သည်။ သတိထားပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2020

​​​​​​​စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအညွှန်းကိန်းများတွင် ငွေဖောင်းပွခြင်း၊ -စားသုံးကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ထုတ်ကုန် ထွက်ကုန်ပစ္စည်းတို့၏ ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အလုပ်လက်မဲ့နှုန်း စသည်တို့ကအခြေခံလူတန်းစားတို့တိုက်ရိုက် -ထိခိုက်ရသည့် ပြဿနာများ ဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏       ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေဖြင့်  မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ငွေကျပ်သိန်း(၁၁၀၀) ကျော် တန်ဖိုးရှိ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ (PPE) များကို ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း WFP မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် ကွာလာ လမ်ပူမြို့ရှိ မြန်မာ သံရုံး တွင် ကြိုတင်ဆန္ဒမဲစတင်ပေးကြရာ မဲဆန္ဒရှင်(၁၆၉၂)ဉီးနှင့်  ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၄၀ ) ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများနှင့် သတင်းများ၊ ရုပ်ရှင်အနုပညာ ရှင်များ၏ ပြောစကားများ၊ မှတ်တမ်းဗီဒီယိုများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ၊ တေးသီချင်းများကို ပြည်သူများ လေ့လာကြည့်ရှု နားစင်နိုင်စေရန် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လူမှုကွန်ရက်စာမျက်နှာကို Facebook တွင် စာမျက်နှာအမည် "Myanmar Film 100th Anniversary" နှင့် Page URL: facebook.com/myanmarfilm100anniversary တွင် ဖွင့်လှစ်ထားရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

ရှေ့လာမည့် (၅)နှစ် အတွင်းဆောင်ရွက် မည့်အစီအမံများအား နှစ်အပိုင်းအခြား အလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၁ နာရီတွင် ကျန်းမာ ရေး နှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာတွင်ပါဝင်သည့် ရွာသာ ကြီးကွင်း၊ သရက်ကြီးကျေးရွာအုပ်စုရှိ မိုးစပါးစိုက်ခင်းများသို့ သဖန်းဆိပ်ဆည်ရေပေးဝေနေမှု များအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည် မြောင်း)၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီး အဆင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွာသာကြီး၊ သရက်ကြီး၊ ပေါက်တော၊ တကောင်း ဒေါင့်နှင့် ဘုရားပြန်ကျေးရွာများရှိ မိုးစပါးစိုက်ခင်းများသို့ လှတောမြောင်းခွဲ၊ လက်တံ(၅)(ခ)မှ ဆည်ရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက်သည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန် ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတားအမှတ်(၉/၄၅)ပွန်ချောင်းတံတား ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင် နယ်စပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၈)ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး

ဆက်လက်ဖတ်ရှုရန်

Oct 09, 2020

မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂက ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉‌ ရောဂါ ကာလအတွက် ထောက်ပံ့ခဲ့သော ငွေကျပ်သိန်း ၅၀ ထဲမှ ငွေကျပ် ၁၀ သိန်းကို မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သို့ ခွဲဝေလှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်