Skip to main content

Mar 11, 2020

ကြာအင်းဆိပ်ကြီး မတ် ၁၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကြာအင်းဆိပ်ကြီးမြို့ စာစစ်ဌာနတွင် လာရောက် ဖြေဆို ကြသည့် အခြေခံပညာ အထက်တန်းကျောင်း ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အ-မ-က ၁ ၊ အ-မ-က ၃ ၊ အ-မ-က ၄ ၊ အ-မ-က ၅ ၊ အ-မ-က ၇ကျောင်း များတွင် လာရောက် တည်းခိုနေထိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

မန္တလေး မတ် ၁၁

မန္တလေးပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲကို မန္တလေးမြို့၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ အဆိုပါ ရုပ်ရှင်ရုံတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ပုသိမ် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသည့် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကန်ကြီးထောင်မြို့နယ်၊ တကုန်းကြီးအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ပုသိမ် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်  ရင်းနှီးမြှုပ်မှုကော်မတီ၏ ၃/၂၀၂၀ ကြိမ်မြောက်  အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယ​နေ့ နေ့လယ်ပိုင်းက အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ - ၁ ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော်   မတ်  ၁၀

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E & P Myanmar ကုမ္ပဏီသည် ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် Metocean Survey လုပ်ငန်းများကို MV. PACIFIC PATRIOT (Call Sign: 9VCT8) ရေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၁၄ ရက်မှ ဇွန် ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော်  မတ်  ၁၀

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ယခုလအတွင်း ကစား ရမည့် ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရွှေ့ဆိုင်းခဲ့ရသော်လည်း လေ့ကျင့်မှုပြုလုပ်ရန် ကစားသမား ၂၃ ဦး ရွေးချယ်ခဲ့သည်။

လေ့ကျင့်မှုပြုလုပ်မည်

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ထား၀ယ်  မတ်  ၁၁

ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

မော်လမြိုင်   မတ်   ၁၁

မွန်ပြည်နယ်အစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက မော်လမြိုင်မြို့ အစိုးရအဖွဲ့ရုံး အနီးရှိ အဆိုပါရုံးသစ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ရန်ကုန် မတ် 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံပြည်သူများ နှစ်စဉ်နွေရာသီကာလအတွင်း ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ရရှိစေရေးအတွက် ရည်ရွယ်၍  ဆွီဒင်နိုင်ငံ Swedish International Development Agency (SIDA) ၏ ထောက်ပံ့လှူဒါန်းငွေဖြင့်  UN-Habitat  နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ရေသန့်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒလမြို့နယ် မှော်စက်ရပ်ကွက် ပုလဲလမ်းရှိ အဆိုပါ ရေသန့်စက်ရုံသစ်ရှေ့တွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော်    မတ်  ၁၀

ဒုတိယ အကြိမ်ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉)ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၃၈၄ ဦး တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော်(ကေသီပန်)ဆိုပြီးတော့ နာမည်ရှိတဲ့သူ ပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာ ဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

(၈-၃-၂၀၂၀ ရက်နေ့မှအဆက်)

ကြည်စိုးထွန်း ။ ။ ဪ ဦးအောင်မြင့်မြတ် ဟုတ်တယ် ဆရာ။ အဲဒီတုန်းက လှုပ်ရှားကြတာ ပေါ့။ နောက် ဆရာ၊ ချစ်ချစ်ဇော်တို့လည်း စာတမ်းတွေ ဖတ်တယ်ထင်တယ်။

ဦးခင်ဇော် ။ ။ စာတမ်းတွေက ကျွန်တော်တို့က ဟိုဘက်မှာ။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော် မတ် ၁၀

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ကြီးမှူးကျင်းပသည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၃)ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများအတွက် ယှဉ်ပြိုင်မည့် စာမူနှင့် လက်ရာများ ဖိတ်ခေါ်ပါသည်။

(၁)     ပြိုင်ပွဲဝင်ရမည့် ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော်   မတ်  ၁၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် MyJustice မှ Team Leader Mr. Ross Clarke နှင့် အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူခြောက်သန်း အသက်ဆုံးရှုံးနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ ယင်းအနက် ၁၀ ရာခိုင်နှုန်းဖြစ်သော လူခြောက်သိန်းမှာ ကိုယ်တိုင်ဆေးလိပ် မသောက်ပါဘဲလျက် တစ်ပါးသူ၏ ဆေးလိပ်ငွေ့ကြောင့် ရောဂါရပြီး သေဆုံးခဲ့ကြရခြင်းဖြစ်ရာ ဆေးလိပ်သောက်သည့် အလေ့အကျင့်ဆိုးက ဆေးလိပ်သောက်သူ ကိုယ်တိုင်သာမက အနီးဝန်းကျင်၌ ရှိနေသူအတွက်ပါ အသက်ကို ရန်ရှာသည်အထိ အန္တရာယ်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

မြန်မာပြည်တစ်ဝန်းမှ ကျောင်သား ကျောင်းသူများ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲကြီး ယနေ့စတင်ဖြေဆိုကြပြီ ဖြစ်သည်။ အခြေခံပညာအဆင့်ကို အပြီးသတ် ဖြတ်ကျော်ရန်အတွက် ရုန်းကန်ကြိုးစားနေကြသော ကျောင်းသား ကျောင်းသူများအားလုံး စာမေးပွဲကို အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော်  မတ်  ၁၀

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

(၂၅)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်