Skip to main content

Mar 09, 2020

နေပြည်တော် မတ် ၁၀

မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ပြုစုရေးဆွဲရေး ဆိုင်ရာ ဆက်စပ် ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် ၉ ရပ်ကွက် (၃၁)လမ်းနှင့် (၃၂) လမ်းကြား (အောက်ဘလောက်) အမျိုးသား စာကြည့်တိုက်၏ အနောက်ဘက်တွင် ဒို့အိမ်လူမှုအကျိုးပြု လုပ်ငန်း၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့် လှစ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉ 

အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း ကျဆင်းမှုနှင့် အတူ ပြည်တွင်းရွှေဈေးလိုက်ပါ ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်း ရေးမှူး ဦးအုန်းမြိုင်က ယနေ့ ပြောကြားသည်။

ဆက်လက်ကျဆင်း လက်ရှိ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက်မှစ၍ ငွေကျပ် ၁၅၀၀ အောက်သို့ ကျဆင်းလာခဲ့ပြီးမတ်၉ရက်တွင် တစ်ဒေါ်လာငွေ ကျပ် ၃၅၀အထိ ဆက်လက် ကျဆင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

စေတနာ့ဝန်ထမ်းဆိုသည်မှာ အခကြေးငွေ၊ အကျိုးအမြတ် တစ်စုံတစ်ရာမျှ မယူဘဲ တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အနစ်နာ ခံ၍ အချိန်ပေးဆောင်ရွက်နိုင်သူကို ခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ကောင်းမြတ်သောစေတနာဖြင့် အမှုကိစ္စဝန်တစ်ခုကို အခမဲ့ထမ်းဆောင်ခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာတွင် Volunteer အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

(၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

နေပြည်တော် မတ် ၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်း အဝေး (၃၁/၂၀၂၀) မှတစ်ဆင့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ အသိပေးစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ချမ်းသာသူက ချမ်းသာဂုဏ်မောက်ပြီဆိုလျှင် ချမ်းသာမာန်တက် မာနဖက်လာလေ့ရှိ၏။ ထိုသူသည် ဤလောကကြီး၌ ချမ်းသာမာန် မတက်ပါဘဲ သူ့ထက် များစွာချမ်းသာသောသူတွေ များစွာ များစွာရှိသည်ကို သတိမပြုမိချေ။ ဤသည်ကိုပင် အဝိဇ္ဇာဟု ခေါ်၏။ အမှန်ကို မမြင်နိုင်။ မာန်မာနတက်လွန်းသည့်အခါ ဂုဏ်မောက်မာနေသည့်အခါ အမှန်ကို မမြင်တတ်တော့။ ငြင်းပယ်လို့မရနိုင်အောင် သိသာထင်ရှားလွန်းသော အမှန် တရားကိုပင် အဝိဇ္ဇာ အမိုက်မှောင်က ဖုံးကွယ်ထားတတ်သော ကြောင့် ဖြစ်ပေသည်။ ။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန်   မတ် ၉  

လူငယ်ပန်းချီဆရာ ကိုကျော်ထက်နိုင်၏ ပထမဆုံးအကြိမ် တစ်ကိုယ်တော် ပြသရောင်းချပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃လမ်း(အောက်ဘလောက်) ရှိ 43 Art Gallery ပြခန်း၌ မတ် ၉ ရက်မှ ၁၁ ရက်အထိ ပြသရာ လေးပုံတစ်ပုံခန့် ဝယ်ယူအားပေးခြင်းခံရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

နေပြည်တော် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ပက်တန်းကျေးရွာ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းနှင့် တောင်သူ များထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၇ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

မန္တလေး မတ် 

မန္တလေးခရိုင်၊ ဆီစက်ပိုင်ရှင်များအသင်းမှ ဆီထွက်နှုန်းပိုမိုကောင်းမွန်သော အိန္ဒိယ မျိုးမြေပဲများအား ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ တောင်လေးလုံးကျေးရွာအတွင်း စမ်းသပ်စိုက်ပျိုးထားရှိကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးသန်းလွင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

စာရေးဆရာမ တူးတူးသာ၏ “ဗန်တမာလမ်းက အလွမ်းခြေရာ” စာအုပ်မိတ်ဆက်ပွဲ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥ ဒေါင်းခန်းမ၌ ကျင်းပသည်။

စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ မောင်လင်းရိပ်၊ စာရေးဆရာမ ခင်မြဇင်၊ ကာတွန်းဆရာ ဇာနီဇော်ဝင်း တို့က အမှတ်တရစကားများ ပြောကြားကြသည်။

“ဝတ္ထုကို ၁၉၉၂ - ၁၉၉၄ ခုနှစ်အတွင်း ဂျီတီအိုင်ကျောင်းသားဘဝ ဖြတ်သန်းခဲ့တဲ့ လွမ်းမောပျော်ရွှင်ဖွယ်တွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားတာ ဖြစ်ပါတယ်” ဟု စာရေးဆရာမ တူးတူးသာက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ဆိပ်ဖြူ မတ် ၉

မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာတွင် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း (အိမ်တွင်းလျှပ်စစ်  အခြေခံလျှပ်စစ်ပညာသင်တန်း) ကို ယနေ့ နံနက် ၁ဝနာရီခွဲက ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းရှိ ဓမ္မာရုံ တွင် ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှပူးပေါင်း၍ ဒေသခံ ပြည်သူအများအလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ သက်မွေးပညာရပ်များဖြင့် လူ့စွမ်းအားအရင်အမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရေဦး မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ချောင်းရှည်အုပ်စု ချောင်းနားကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း‌ရှိ  ကျေးရွာများဖြစ်သည့် သပြေကုန်း၊ အင်တိုင်း၊ ရွာသစ်ကျေးရွာတို့တွင် ယမန်နေ့ ညနေ ၅ နာရီက နိုင်ငံတော်ဓာတ်အားစနစ်ဖြစ် သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) နှင့် အစားထိုးကျေးရွာ မီးလင်းရေးအစီအစဉ်တို့ဖြင့်  ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင်မြသိန်းတန် စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ဆပ်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော် ဆက်ကပ်တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ပရဝဏ်အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေပမာဏသည် လူငယ် အားလုံး၏ ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ်များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ရပ်ကွက်၊ အမှတ်(B-2)တွင်  ယနေ့ နံနက် ၈ နာရီက ရုပ်ရှင်ရုံဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရုပ်ရှင်အစည်းအရုံးနာယက အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ရုပ်ရှင်ရုံ ခန်းမအတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် စပ်လျဉ်း၍ ကမ္ဘာ တစ်ဝန်း ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ဆက်တိုက် များပြားလာနေသည်။ နိုင်ငံပြင်ပမှ ရောဂါကူးစက်ဝင်ရောက်လာခြင်း၊ နိုင်ငံအတွင်း၌လည်း ဆက်လက် ကူးစက်ပြန့်ပွားခြင်း နည်းလမ်းများဖြင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများ ဖြစ်ပေါ်နေရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ပြန့်ပွားနိုင်မှု (Risk Assessment) အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်