Skip to main content

Mar 07, 2020

နေပြည်တော် မတ် ၇

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော်မရှင် ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနား တွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး (ဝဲပုံ) အခြေခံလေ့ကျင့် ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ရန်ကုန် မတ် ၇

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူ ရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသောလ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။ သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

နေပြည်တော် မတ် ၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များနှင့် တောင်ငူခရိုင် Tourism Board အဖွဲ့ဝင်များအား တော်ဝင်ကေတုမတီဟိုတယ်၌ တွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ရန်ကုန် မတ် ၇

မြန်မာနိုင်ငံ စားသုံးသူများအသင်း (CAM) မှကြီးမှူးပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ညီအစ်ကိုများအသင်းတော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ရန်ကုန် မတ် ၇


ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ(တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟု ဆိုအပ်သော ပူဇော်ခြင်း အမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

နေပြည်တော် မတ် ၇

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့ရှိ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွား(၃၅) ဦးအတွက် အလှူငွေ ကျပ် (၅)သိန်း၊  စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဖျာပုံနှင့် ဒေးဒရဲမြို့ တို့တွင် ဖွင့်လှစ်လျက်ရှိသော ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာ အခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့် တွေ့ဆုံဆွေးနွေး သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ပဲခူး  မတ် ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

နေပြည်တော် မတ် ၆

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ တောင်သူ ၄၂ ဦးတို့အား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ပဲခူး မတ် ၇

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကာလအတွင်း မှတ်တမ်းလုံးဝ မရှိသေးသည့် ငှက်မျိုးစိတ် ငါးမျိုးကို တွေ့ရှိမှတ်တမ်းသစ် တင်နိုင်ခဲ့ကြောင်း မတ် ၅ ရက်က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

နေပြည်တော် မတ် ၆

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရား မျှတမှုစင်တာတို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2020

ကင်းထောက်ဆိုသည်မှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးဧကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ၊ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ပါဝင် ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။

ယမန်နေ့မှအဆက်

ဆက်လက်ဖတ်ရှုရန်

Mar 06, 2020

နိုင်ငံတော်အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံ ချောမွေ့စွာ လည်ပတ်နိုင်အောင် နိုင်ငံတော် ဘဏ္ဍာငွေကို နှစ်စဉ်ကျခံသုံးစွဲရသည်။ ဘဏ္ဍာငွေများ ကျခံသုံးစွဲနိုင်အောင် နိုင်ငံတော်၏ အခွန်အခငွေများကို အဓိကအားထားရာ၌ နိုင်ငံတော်မှ ရရှိသည့် အခွန်ငွေစုစုပေါင်း၏ ခြောက်ပုံ တစ်ပုံကို နိုင်ငံ့ဝန်ထမ်းပင်စင် ရန်ပုံငွေအတွက် အသုံးပြုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2020

တပေါင်းသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ် ကုန်ဆုံးတော့မည့် အခါသမယလည်းဖြစ်သည်။ ဆောင်းအကုန် နွေသို့အကူး၊ နေ့တွင်ပူ၍ ညတွင်ချမ်းသည့် ဤကာလမှာ လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းသည် လတကာတို့၏သခင် ဟူ၍လည်း စာဆိုရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2020

(၆-၃-၂၀၂၀) ရက်နေ့၊ ည (၉:၁၅) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညတွင် ထပ်မံပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံမှ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး၊

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက်  အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်