Skip to main content

Apr 16, 2025

မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင် ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူ များထံ နိုင်ငံတကာမှကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားတောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအတွင်း ယနေ့သင်္ကြန်အကြတ်နေ့ ကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီးဦးရဲတင့်တို့ တက်ရောက်အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီး ဆင်သေချောင်းပေါ်ရှိ ဆင်သေရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧပြီ ၁၄ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (တိုင်းဒေသကြီး)ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အိတ်ချိန်းရုံး)၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မန္တလေးဘူတာကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တိုင်းဒေသကြီး)ရုံး၊ ချမ်းမြသာစည်လေဆိပ်၊ စစ်ကိုင်းတံတား(အင်းဝ)တို့၏ ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၏ ပျက်စီးမှုအခြေအနေများ၊ ဝန်ထမ်းများအား ယာယီရွှေ့ပြောင်းနေရာချထားသည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဝင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2025

​​​​​​​တန်ခူးလသင်္ကြန်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ ရှေးမြန်မာအစဉ်အဆက် သမိုင်းကြောင်းရှည်လျားသည့် အစဉ်အလာကြီးမားသည့် ပွဲတော်ကြီးဖြစ်သည်။ မြန်မာ့မြေဖွား ဘာသာပေါင်းစုံ လူမျိုးတိုင်းက စိတ်အားထက်သန်စွာ စောင့်မျှော်ကြသည့်ပွဲတော်ဖြစ်သည်။ ရှေးခေတ်မဟာအတုလမင်းကြီးတို့ သင်္ကြန်ရေသဘင်ပွဲတော်ကို လွမ်းကြသလို ယနေ့ကာလတွင်လည်း မြန်မာလူမျိုးများ အားလုံးတမ်းတလွမ်းလျ စိတ်ဝင်စားသည့်ပွဲတော်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွန်းလက်ကားဈေးနှုန်းများ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

၁။      ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများ ပါဝင်လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ မလေးရှားနိုင်ငံပီနန်မြို့တွင် ကျင်းပခဲ့သည့် PENANE INVITATIONAL JICA JUDO CHAM-PIONSHIP 2025 ပြိုင်ပွဲသို့ မြန်မာဂျူဒိုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီ ၁၂ ရက် (ဂျူနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များအပြီး အသက် ၁၂ နှစ်အောက် -36 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ မအိချစ်ဆုစံက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -38 kg ပြိုင်ပွဲတွင် မောင်မြတ်ဘုန်းခန့်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အသက် ၁၀ နှစ်အောက် -24 kg ပြိုင်ပွဲတွင် မောင်သျှန်ကောင်းဆက်ပိုင်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -28 kg ပြိုင်ပွဲတွင် မောင်ကောင်းကင်မင်းစစ်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -32 kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ -32 kg ပြိုင်ပွဲတွင် မခေတ်စံနန်းထွဋ်က ကြေးတံဆိပ်ဆု ကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အကျနေ့၌ ကုသိုလ်ကောင်းမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကို ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

နေပြည်တော်ကောင်စီနယ်မြေ၌ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အဖြစ် ဆက်လက်ကျင်းပရာ ပြည်သူများနှင့် ဝန်ထမ်းများ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ထွက်ခွာကြမည့် Lt. Col. Jagneet Gill ဦးဆောင်သည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်အတူ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ တာဝန်ခံညွှန်ကြားရေးမှူး Mr. Paolo Mattei ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌တွေ့ဆုံရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ယနေ့သင်္ကြန်(အကျ)နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားတောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအတွင်းကျင်းပ လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာ(Smart Village)သို့ သွားရောက်၍ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်ပေးထားသော အမြင့်တင်ရေစင်၏ ငလျင်ဒဏ်ထိခိုက်မှုအခြေအနေနှင့် ကျေးရွာရေပေးရေးလုပ်ငန်းများ အဆင်ပြေမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

နေပြည်တော်ရှိ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာန ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)တွင်ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အအုံများစစ်ဆေးရေးကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ယာယီပြောင်းရွှေ့ ဝန်ထမ်းမိသားစုများနှင့်အတူ နှစ်သစ်ကူးအေးချမ်း သင်္ကြန်စတုဒိသာအလှူတော်အား တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့၏ စီစဉ်မှု ဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့် ကုန်မျိုးစုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက် မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၁၆ ရက်မြောက်နေ့အဖြစ်ဈေးကား ခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်