Skip to main content

Apr 15, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်နှင့် သုံးရေများဖြည့်တင်းရေး ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့သည် ဧပြီ ၁၄ ရက်က ဇေယျာသီရိမြို့နယ် ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2025

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၁ ရက်နေ့က မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်မှုများနှင့် ကြုံတွေ့ရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ခံရသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် “မိမိတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ် ဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော်အနည်းငယ် တိမ်းစောင်းသွားမှုကို ဧပြီ ၁၂ ရက်တွင် ပြင်ဆင်ပြီး ဖြစ်သောကြောင့် လာရောက်ဖူးမြော်သူအများဆုံးနေ့ဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ပွားတော်ကြီးအား ဖူးမြော်နိုင်ရန် LED Screen နှစ်ခုဖြင့် ပြသစီစဉ်ပေးသွားမည်ဟု မဟာမုနိဂေါပက အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နှစ်စဉ်ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူအများအပြား ထိခိုက်နစ်နာမှုများ ရှိခဲ့သဖြင့် ယခုနှစ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာ သင်္ကြန်ကို အပျော်အပါး သီဆို ကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာသော သင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့် အေးချမ်းသာယာသော မဟာသင်္ကြန်အဖြစ် ကျင်းပလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၌ ပဏာမလက်ရွေးစင် ဘိလိယက်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရန် လေ့ကျင့်ရေးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လေ့ကျင့်နေမှုများကို ယနေ့တွင် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစား ခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သက်ဆိုင်ရာဒေသအရောက် တွေ့ဆုံအားပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်နှင့်မြို့နယ်မှ အမှုထမ်း၊ အရာထမ်းများအား မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်သီးနှံခြံ၌ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အရိုး ကုသဆောင်(၂)သို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်းထောက်များ ထောက်ပံ့ပေးအပ်ပြီးဆေးရုံတွင် တာဝန်ထမ်း​ဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည်များပံ့ပိုးစီစဉ် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီရုံးဖွင့်လှစ်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2025

​​​​​​​၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည့် ငလျင်ကြီးဖြစ်သည်။ ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ယူရရှိသောစာရင်းများအရ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိခဲ့သူ ၅၀၂၀ နှင့် ပျောက်ဆုံးသူ ၁၄၁ ဦးရှိသည်ဟု သိရသည်။ ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရသလို သင်ခန်းစာယူကာ အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြမည်ဖြစ်ပြီး ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော် မြန်မာ့ရိုးရာအေးသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

နေပြည်တော် ဧပြီ ၁၃ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးပို့လျက်ရှိရာ ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိသော စင်္ကာပူနိုင်ငံမှ ဘီစကစ်များ၊ ရေသန့်များ၊ အိမ်သုံးဆေးများ၊ စုစုပေါင်း ၁၉၇ kg ကိုလည်းကောင်း၊ မလေးရှားနိုင်ငံမှပေးပို့သော အဝတ်အထည်များ၊ အစားအစာများ၊ စုစုပေါင်း ၄၇၃၄ kg ကိုလည်းကောင်း ယနေ့တွင်ရောက်ရှိသော တရုတ်နိုင်ငံ (ကူမင်း)မြို့မှပေးပို့သော မိုးကာတဲများ၊ Sleeping Bus များ၊ စုစုပေါင်း ၇၇၃၀ kg ကိုလည်းကောင်း၊ တရုတ်နိုင်ငံ (နန်နင်း)မြို့မှပေးပို့သော ဆေးဝါးများ၊ အဝတ်အထည်များ၊ ခြင်ထောင်များ၊ စုစုပေါင်း ၂၆၂၈ kg တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကာ မော်တော်ယာဉ်များပေါ်သို့တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်ရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော ဖိလစ်ပိုင်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် ဖိလစ်ပိုင်နိုင်ငံမှ C-130 အမျိုးအစား လေယာဉ်နှစ်စင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများ အပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်