Skip to main content

May 07, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၅၄ တွဲဖြင့် သယ်ဆောင်လာသည့် Modular (prefabricated) office ၁၀၈ လုံး ရွာတော်ဘူတာသို့ ရောက်ရှိလာမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး (UNRC/HC a.i.) ဖြစ်သူ Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid တို့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2025

​​​​​​​မြန်မာနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများသည် လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာခဲ့ပြီး ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးဘဲ အကြမ်းဖက် အဖျက်လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု ရပ်တန့်စေရေးနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်ချမ်းသာစွာ ခရီးသွားလာနေမှုများကိုမလိုလားဘဲ လမ်းများ၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက်လုပ်ရပ် အမျိုးမျိုးတို့ကို ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2025

​​​​​​​အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်စဉ်ကင်ဆာရောဂါကြောင့် သေဆုံးသူ ၁၄၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားသူ အသစ် ၂၀၀၀၀ ခန့်ရှိကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်အရ သိရှိရသည်။ ယင်းနိုင်ငံတွင် အသည်းကင်ဆာသည် အဖြစ်အများဆုံးကင်ဆာ အမျိုးအစားဖြစ်ပြီး နေ့စဉ်ကင်ဆာကြောင့် လူ ၃၈ ဦးခန့် သေဆုံးမှုရှိသည်ဟုလည်း ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

ထိုင်းနိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ် (KK Park)၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့်တရုတ်(တိုင်ပေ)နိုင်ငံသား ၅၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁၂ ဦးနှင့် ဆီရာလီယွန်နိုင်ငံသား ၅ ဦး စုစုပေါင်း ၁၂၈ ဦးတို့အားယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား မှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများအတွက် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်များ တင်ဆောင်လာသည့် Korean Air လေကြောင်းမှ Airbus A330-300 အမျိုးအစားလေယာဉ်သည် မေ ၅ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၁၂/၁၀-၁၁ ရှိ အရှည်ပေ ၆၀ ရှိသော ရထားတံတားအမှတ် (၆၅)အောက်၌ မေ ၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ရထားတံတားထိခိုက်ပျက်စီးနေကြောင်း သိရှိရသဖြင့် နှင်းပုလဲနှင့် တောင်စွန်းရထားလမ်းပိုင်းအား ယာယီပိတ်ထားကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

၁။ မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက် မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ မန္တလေးငလျင်ဒဏ်ကြောင့် ပြည်ထောင်စုဝန်ကြီးရုံး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ဆောက်လုပ်ပြီးစီးခဲ့သည့် ဘာရှာအဆောက်အအုံသို့ ပြောင်းရွှေ့နေထိုင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၃၆ ရက်နေ့မြောက်အဖြစ် ဈေးကား ၁၀ စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၇-၄-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၅-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၆၂၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တစ်ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀.၀၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့များ၊ ရှမ်းတောင်ဇုန်ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ​မန္တလေးငလျင်ဒဏ်ခံစားခဲ့ရသည့် အင်းလေးဒေသသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ အဆောက်အအုံများ၏ ပြိုကျပျက်စီးမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး အားပေးစကားပြောကြားကာ ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်းသွားသော အင်းလေးဒေသအတွင်း ဘုန်းကြီးကျောင်းများ၊ ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ဧပြီလအတွင်းက အလှူငွေများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းသည်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်) သို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှလည်း အလှူငွေများနှင့် ရေသန့်ကတ်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ဧပြီ ၅ ရက်အထိ သေဆုံးသူ ၃၇၈၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၈၈ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်