Skip to main content

May 06, 2025

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ယနေ့မှစတင်ကာ တစ်လတာအရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

၂၈-၃-၂၀၂၅ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်း သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂ ရက် နံနက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ ရောက်ရှိခဲ့ပြီး EV အလုပ်ရုံအတွင်း ကြည့်ရှုစစ်ဆေးရာ နိုင်ငံတော်တွင် EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာပြီဖြစ်ရာ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးပွဲများ၊ EV ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းများကို ဆက်စပ်ဌာနများ၊ နိုင်ငံတကာနှင့် ပြင်ပ EV အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာတွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ပြည်သူအများသိရှိ နိုင်ကြစေရန်အတွက် ၂၀၁၁ ခုနှစ် မှစတင်၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ၂၀၂၅ ခုနှစ် မတ်လတွင် ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ website ဖြစ်သည့် http://mnhrc.org.mm တွင် လွှင့်တင်ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မစိုးရိမ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့က ဥတ္တရသီရိမြို့နယ် မြတ်လေးလမ်းနှင့် နေကြာလမ်းသို့သွားရောက်၍ ငလျင်ဘေးကြောင့်ပျက်စီးခဲ့သည့် ရေပေးဝေရေး ပိုက်လိုင်းများကိုဝန်ထမ်းများ၊ ယန္တရားများဖြင့် တူးဖော်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် Grade-10, Grade-11, Grade-12 သင်ကြားမည့် သင်ကြားရေးမွမ်းမံ သင်တန်းတက်ရောက်နေသော ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ သင်တန်းပို့ချမည့် ဆရာဆရာမများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

၂၀၂၅ ခုနှစ် မေ ၅ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

အင်အားပြင်းမန္တလေးငလျင်ကြီး ဘေးသင့်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မုန်းဝန်းဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးသီဟလွင် ဦးဆောင်သည့်အဖွဲ့ဝင်များက ငွေကျပ်သိန်း ၂၀၀ ကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

ကမ္ဘာကြီးကို အင်အားကြီးနိုင်ငံတစ်နိုင်ငံနှင့် ၎င်း၏နောက်လိုက်အုပ်စုတစ်စုတို့က လွှမ်းမိုးခြယ်လှယ်ကြိုးကိုင်ခဲ့ကြသည့် ဧကဝင်ရိုးကမ္ဘာအစီအစဉ် နိဂုံးချုပ်သွားခဲ့ပြီး ၎င်း၏နေရာတွင် ဗဟုဝင်ရိုးကမ္ဘာအစီအစဉ် အစားထိုးဝင်ရောက်လာခဲ့ပြီဟု ဆိုကြသည်။ သို့ရာတွင် ဤအဆိုကို ပါဝါဟောင်းတို့က လက်မခံချင်။ ကမ္ဘာကြီးတစ်ခုလုံးကို ၎င်းတို့၏ အိုင်ဒီယာဖြင့် ဇွတ်ပုံစံသွင်းလိုကြသည့် နိုင်ငံတို့က လက်ရုံးတပြင်ပြင်ဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

May 06, 2025

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့်ဒေသများ၌ နေအိမ်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

PDF အမည်ခံအကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ စသောလူသားချင်းမစာနာသည့် လူမဆန်သောအကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြား၊ ၃၂(B)လမ်းရှိ (၇) လွှာတိုက်ခန်းမြေညီထပ်၊ အခန်း အမှတ် (B-1) နေ ဒေါ်ခင်ဖြူမြင့် (၄၇) နှစ်၊ (ဘ) ဦးကိုကိုသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ထပ်ခိုးပေါ်၌ သိမ်းဆည်းထားသည့် ပီနံအိတ်အတွင်းထည့်ထားသော ငွေကျပ်သိန်း ၂၀၀၀ နှင့် ကျောပိုးအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်သိန်း ၂၃၅၄ ၊ စုစုပေါင်းငွေနှင့် ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်သိန်း ၄၃၅၄ မှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်း (ပ) ၆၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်း အနားသို့တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 05, 2025

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မိတ္ထီလာမြို့ ရန်ကုန်မန္တလေးကားလမ်းပိုင်းနေရာ (မိတ္ထီလာတောင်ကန် ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ယနေ့နံနက် ၁ဝ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်