Skip to main content

Mar 04, 2020

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ အမျိုးသား လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၀၆၊ ၁၀၇နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

 

မန္တလေး   မတ်   ၃

မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင် က ပြောကြားသည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ်  ၃

အဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် (ဒုတိယ)နှစ်ပတ် လည် အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့ ရုံးဝင်းအတွင်း ရှိ မင်္ဂလာဈေး ဓမ္မာရုံ၌ ကျင်းပသည်။

ငါးပါးသီလ ခံယူဆောက်တည်

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ်  ၃

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၇) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ဖားဆောင်း မတ် ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ဟင်္သာတ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) အတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့က ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်ရှိ ဘောဇနသီရိ ဆွမ်းစားဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ဇလွန်       မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ ၁၃၈၁ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်း မုခ်ဦးရှေ့၌ ယမန်နေ့ ညနေ ၅ နာရီ အချိန်တွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော် မတ် ၂

နေပြည်တော် ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်သူ များ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် အတွက် ထိုင်းနိုင်ငံ မှပညာရှင်များနှင့်ပူးပေါင်း၍ ပထမဦးဆုံးဖွင့်လှစ်မည့် Wedding Park ကို မကြာမီဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာ ဓာတ်အားလိုင်းနှင့် သုံးမိုင်အတွင်းရှိပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးသောကျေးရွာ ၅၅၉ ရွာကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ် မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး မှ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းထံမှ သိရသည်။

"အခုမီးလင်းရေးလုပ်ဆောင်ပေးမယ့် ခရိုင် ခြောက်ခုအတွင်းမှာရှိတဲ့ ကျေးရွာ ၅၅၉ ရွာ က မဟာဓာတ်အားလိုင်းနဲ့ သုံးမိုင်အကွာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်”ဟု အင်ဂျင်နီယာမှူး ကြီး ဦးမျိုးသန့်ထွန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်