Mar 01, 2020
နေပြည်တော် မတ် ၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
Mar 01, 2020
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားပြုသော နိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းထောင်ချီကာလကတည်းက မြန်မာနိုင်ငံသားအများစုမှာ တောင်သူ လယ်သမားများ သို့မဟုတ်လယ်ယာကဏ္ဍကို အမှီပြုလုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများမှ ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။
Mar 01, 2020
ရန်ကုန် မတ် ၁
မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေး ပါဝင်ကူညီ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ First Voice Chairman Mr. Hiroshi Shimada နှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ မြန်မာနိုင်ငံ ကင်းထောက်ကြီး များနှင့် ဖေဖော်ဝါရီ ၂၇ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Brainworks Total International School ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
Mar 01, 2020
ရန်ကုန် မတ် ၁
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ်၁၀၀ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကော်မတီ က ကြီးမှူးကျင်းပသည့် ဥပဒေပညာဌာန နှစ်၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ရှေ့၌ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း တက်ရောက် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြသည်။
Mar 01, 2020
နေပြည်တော် မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ များ နေထိုင်ရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် ဝန်ထမ်းအိမ်ရာ များ ပေးအပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဝမ်လုံ)တွင် ကျင်း ပသည်။
Mar 01, 2020
နေပြည်တော် မတ် ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၈)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်း လှူပွဲကို ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါ သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
Mar 01, 2020
ရန်ကုန် မတ် ၁
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့(၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေး ဒုတိယ နေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာ ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
Mar 01, 2020
ရန်ကုန် မတ်လ ၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် (၈:၃၀) နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမ၌ ကျင်းပခဲ့သည့် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၇/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးမှ ပြောကြားရာတွင်-
Mar 01, 2020
ပုသိမ် မတ် ၁
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူအသိပညာပေးပြခန်းများဖွင့်ပွဲကို ယနေ့ နံနက်က ဝါးဒူးကျေးရွာ၌ ကျင်းပသည်။
Mar 01, 2020
အရာတော် မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ၊ မေတ္တာဂုဏ်ရည် တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတိုက်နယ်ဆေးရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။