Mar 01, 2020
လေးမျက်နှာ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာ၌ ရတနာအုပ်မြစ်စီ မင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 01, 2020
မိုင်းယု မတ် ၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ဆောက်ရန် လျာထားသည့် ပုဂ္ဂလိက ကားကြီးကွင်းနှင့် ပုဂ္ဂလိက ဈေးတည်ဆောက်ရန် အတွက် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Mar 01, 2020
သထုံ မတ် ၁
မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် Myanmar Parenting အဖွဲ့တို့ ပူးပေါင်းပြီး Care Myanmar မှ ပံ့ပိုးကူညီမှုဖြင့် "သာသားမီးမီးတို့ကို Sex Education သင်ပေးပါ" ခေါင်းစဉ်ဖြင့် လိင်မှုဆိုင်ရာအသိပညာပေး စကားဝိုင်းကို ယနေ့ နံနက်က သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
Mar 01, 2020
“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံ စကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီးကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။
Mar 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
Mar 01, 2020
ရွာသစ် မတ် ၁
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ရွာသစ်မြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Mar 01, 2020
ထားဝယ် မတ် ၁
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီက ထားဝယ် - မြိတ် - ကော့သောင်းလမ်း (မလွှဲတောင်လမ်းအပိုင်း) ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာနကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။