Skip to main content

Feb 26, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၆

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် GIZ တို့ ပူးပေါင်း၍ စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၂၆

ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရွေးချယ်ရေးနှီးနှောဖလှယ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပညာရေးဝန်ကြီးဌာန၊ အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီ တွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  အရည်အသွေးရှိသော ပညာရေးကိုဦးတည်ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှုမျှမရှိခြင်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက်မှုနှုန်းလျော့နည်းခြင်း များကို ဆောင် ရွက်ပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

မော်လမြိုင်        ဖေဖော်ဝါရီ        ၂၆

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) တွင် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူတည်ဆောက် မည့် Hospitality and Catering Training Center (HCTC) တည်ဆောက်ရေးလုပ်ငန်း၏ ပန္နက်တော် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ကြာအင်းစံပြကျေးရွာရှေ့ရှိ အဆိုပါကျောင်းဝင်းတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

လွိုင်ကော်   ဖေဖော်ဝါရီ ၂၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြ လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယမန်နေ့  မွန်းလွဲ ၁ နာရီအချိန်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

လွိုင်ကော်  ဖေဖော်ဝါရီ  ၂၆

ပညာရေးကောလိပ် (လွိုင်ကော်) ကျောင်း၏ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပညာရေးကောလိပ် (လွိုင်ကော်)မှ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများအား ကာယားပြည်နယ် အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး တို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

မန္တလေး ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ စဉ်းစားတွေးခေါ်မှု တိုးတက် စေရန်နှင့် ချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်၍ စကားရည်ပြိုင်လုပွဲ 2020 DEBATE ပြိုင်ပွဲကို မန္တလေး တက္ကသိုလ်ရှိ အင်းဝ(၉)ခန်းမ တွင် ယနေ့ နေ့လယ်  ၂ နာရီ က ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2020

 

ရန်ကုန် ဖေဖော်ဝါရီ ၂၆

ဒါရိုက်တာ “Lars von Trier” ၏ Drama, Horror အမျိုးအစား လက်ရာကောင်းတစ်ခုဖြစ်သော “Antichrist" ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအစီအစဉ် ပြုလုပ်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်