Skip to main content

Mar 13, 2025

ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေတဲ့ အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ ကဘော်ချိုင့်ဝှမ်းကိစ္စပြီးရင် မီဇိုရမ်လွှတ်တော်အမတ်တွေ ပြောကြားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena က အိန္ဒိယနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံအနောက်မြောက်ဘက် နေရာဒေသတွေကို သွားရောက်ခဲ့တယ်ဆိုပြီးတော့ The Hindu သတင်း Website မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2025

မြတ်ဗုဒ္ဓအခါတော်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့၌ ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူရန် လျှောက်ထားသည့်နေ့ဖြစ်သည်။ တပေါင်းလသည် မပူလွန်း၊ မအေးလွန်းမျှတသောရာသီဥတုရှိသည့်ကာလဖြစ်သည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသံ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသော သဘာဝအလှနှင့်ပြည့်စုံသည့် တပေါင်းလသည် ဒေသစာရီကြွချီတော်မူရန် သင့်လျော်ပါကြောင်း ကာဠုဒါယီက ဂါထာပေါင်း ၆၄ ဂါထာဖြင့် ချီးမွမ်းလျှောက်ထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2025

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ် ကေဗန်လာလ်ဗီနာဆိုသူက မြန်မာနယ်စပ်ကို ခြေကျင်ဖြတ်ကျော်ဝင်ရောက်ကာ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် တွေ့ဆုံပြီး အိန္ဒိယနှင့် ပေါင်းစည်းလိုခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်ဟု “သည်ဟင်ဒူ” သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ထို့အပြင် အခြားမဏိပူရ လွှတ်တော်အမတ် တစ်ယောက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်သိမ်းယူပြီး မဏိပူရပြည်နယ်ထဲထည့်သွင်းရန် မတ်လ ၁၀ ရက်က ကျင်းပသည့် အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2025

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ရွာ၊ ကံကြီးကုန်းနှင့် ဖိုလ်ကုန်းကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့က တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂၀၀ ကျော် စစ်ရှောင်နေရကြောင်း မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2025

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံဃာတော် အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2025

ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ (၂၃)ကြိမ်မြောက်၊ (၂၄)ကြိမ်မြောက်နှင့် (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်