Skip to main content

Mar 11, 2025

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

“Capacity Building for SOCA and ASCC Sectoral Bodies of CLMV Countries on the ASCC Blueprint 2025 M&E System, including the End- Term Review of the ASCC Blueprint 2025” သင်တန်းကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Orientation ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

၁။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသောစက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ်ထုတ်ပေးရေးစင်တာများ တစ်နေရာတည်း ပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမား စာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

၁။ PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ်ရှိနေသူများသည် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်း ကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ Online မှတစ်ဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ခြင်း မပြုရန်) ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက် ကို ရယူရမည် ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး (East - West Economic Corridor) ပေါ်ရှိ အတ္ထရံတံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက တံတားတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ကော်ဖီဥယျာဉ် ရှင်းလင်းဆောင်၌ ပြင်ဦးလွင်ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2025

ရုရှားနဲ့ဘယ်လာရုစ်နဲ့က ကျွန်တော်နှစ်နိုင်ငံလုံးနဲ့က ရင်းနှီးနေတာကြာပါပြီ။ ဒီနှစ်နိုင်ငံလုံးကိုလည်း ကျွန်တော်အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။ နံပါတ်တစ် ရုရှားပေါ့နော်။ ရုရှားအနေနဲ့ကတော့ ဒီခရီးစဉ်က State Visit ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့လည်း လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုလည်း သေချာပြင်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရုရှားကို စွမ်းအင်ကိစ္စနဲ့ တစ်ခါလာခဲ့ပြီးပါပြီ။ စွမ်းအင်ဝန်ကြီးနဲ့လည်း ကျွန်တော်တွေ့ခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း နိုင်ငံတော်အကြီးအကဲနဲ့ နှစ်ဖက်အကြီးအကဲ နှစ်ဦးတွေ့ဆုံခဲ့တဲ့အပေါ်မှာ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေအပေါ်မှာ ကျွန်တော်သီးခြားစွမ်းအင်ဝန်ကြီးဌာနက ပထမ၊ ဒုတိယဝန်ကြီးနဲ့ သက်ဆိုင်ရာကုမ္ပဏီက အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှားကဆိုရင် စွမ်းအင်လုံခြုံရေးနဲ့ စွမ်းအင်ဖူလုံရေးအတွက် အလွန်ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်နေတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်မို့လည်း ရုရှားက ဒီနေ့ဒီအချိန်မှာ ဒီလိုရပ်တည်နိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်အများကြီးအားကျပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တော်တော်များများလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက်ဘယ်လာရုစ်ပေါ့။ ဘယ်လာရုစ်ကတော့ လယ်ယာစိုက်ပျိုးရေးကိုအခြေခံတယ်။ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲကလည်းပဲ စိုက်ပျိုးရေးကိုအခြေခံတဲ့ထုတ်ကုန်တွေ၊ ကုန်ထုတ်လုပ်မှုတွေအများကြီးမြှင့်တင်ချင်တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့က Mechanize farm ကိုသွားရမှာပေါ့။ ကျွန်တော်တို့သွားဖို့လည်း လုပ်နေကြပါပြီ။ ဒီအပေါ်မှာ ဘယ်လာရုစ်နဲ့ပူးပေါင်းတာက အင်မတန်မှန်ကန်တယ်။ ကောင်းမွန်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘယ်လာရုစ်က သူတို့ ဖိုရမ်မှာလည်း ပြောသွားပါတယ်။ စိုက်ပျိုးရေးကဏ္ဍကိုပဲ ပြီးခဲ့တဲ့ နှစ်က ၅ ဘီလီယံကျော် ဝင်ငွေရခဲ့တဲ့အတွက် အလွန်အားကျဖို့ ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဒီလိုမလုပ်နိုင်စရာမရှိပါဘူး။ ကျွန်တော်တို့ ကြိုးစားလုပ်ရင်ရပါတယ်။ ဘယ်လာရုစ်နဲ့ ပတ်သက်ပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေ စိုက်ပျိုးရေးကို ကျွန်တော်တို့ Mechanize farm ဖြစ်အောင် လိုအပ်တဲ့စက်ပစ္စည်း ကိရိယာတွေ ထုတ်လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ခြုံပြီးပြောရရင် ဘယ်လာရုစ်နဲ့ ရုရှားနှစ်နိုင်ငံလုံးက အင်မတန်စနစ်ကောင်းပါတယ်။ ကျွန်တော် သူတို့နဲ့တွဲပြီးတော့ ဆယ်စုနှစ်တစ်စုကျော်ပြီး ကျွန်တော်လုပ်ခဲ့တာ။ အင်မတန်စနစ်ကောင်းပါ တယ်။အတုယူဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံ စွမ်းအင်ဖူလုံရေးနဲ့ လုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်ပါမယ်။ ကျွန်တော်တို့နိုင်ငံဟာ ထိုက်သင့်သလောက် စွမ်းအင်အရင်းအမြစ်တွေရှိတယ်။ နံပါတ်တစ် ကျွန်တော်တို့က မရှာဖွေနိုင်သေးဘူး။ ပြီးပြည့်စုံအောင် မရှာဖွေနိုင်သေးဘူး။ ဒီအတွက်ကြောင့် ကျွန်တော်တို့က ရုရှားနဲ့ နည်းပညာအကူညီရယူပြီး ပူးပေါင်းဆောင်ရွက်မယ်။ နံပါတ်နှစ်က ရှာဖွေလို့တွေ့ပြီဆိုရင်လည်း ကျွန်တော်တို့က ထိထိရောက်ရောက် တူးဖော်နိုင်အောင်လုပ်ရမယ်။ ဒီအပိုင်းကိုလည်း ကျွန်တော်တို့က ရုရှားနဲ့ပူးပေါင်း ဆောင်ရွက်ရမယ်။ နောက်ပြီးတော့ တစ်ခါကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထားအရ အင်မတန်ကောင်း မွန်တဲ့နေရာ ရှိပါတယ်။ စွမ်းအင်ကုန်သွယ်မှုကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ အထူးသဖြင့် Energy Terminal ဟာမျိုးတွေ။ ကျွန်တော်တို့မှာ နိုင်ငံတကာကိုတင်ပို့နိုင်တဲ့၊ ထိုင်းနဲ့တရုတ်ကို တင်ပို့နိုင်တဲ့ ပိုက်လိုင်းတွေရှိတယ်။ ကျွန်တော်တို့ ရေနက်ဆိပ်ကမ်းတွေရှိတယ်။ Energy Terminal ဆောက်ဖို့ နေရာကောင်းတွေရှိတယ်။ ဒီနေရာ Energy Terminal တွေဆောက်မယ်။ ဒီပိုက်လိုင်းတွေနဲ့ ကျွန်တော်တို့ပို့မယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့သဘာဝဓာတ်ငွေ့ လုံလောက်အောင်လည်း အဲဒီကရယူမယ်။ ရေနံချက်စက်ရုံတွေဆောက်မယ်။ စက်သုံးဆီကို သွင်းရတဲ့ဟာ နောက်ဆိုရင်ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ချက်လုပ်ပြီးတော့သုံးစွဲမယ်။ နောက်ဓာတ် မြေဩဇာတွေချက်လုပ်မယ်။ ဒါက ကျွန်တော့်ကဏ္ဍပါ။ ဒီအပိုင်းကိုလုပ်ဖို့အတွက် ရုရှားနဲ့ပူးပေါင်း ဆောင်ရွက်မယ်။ ကျွန်တော့်အတွက်လည်း အလွန်ပဲအတွေ့အကြုံရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန လုပ်ဆောင်နေတာကို ပြည်သူတွေသိမှလည်း၊ ပြည်သူတွေလိုက်ပါ ဆောင်ရွက်မှလည်း၊ ပြည်သူတွေ အကူညီရမှလည်း အောင်မြင်မှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်