Skip to main content

Oct 15, 2025

လက်ဆေးခြင်းက ရောဂါတော်တော်များများကို လက်ဆေးသူထံ ကူးစက်မခံရစေရန် ကာကွယ်ပေးနိုင်သည်။ ရောဂါကိုမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပြီးမှကုသခြင်းထက် များစွာပို၍အကျိုးကြီးသည်။ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးခြင်းသည် လွန်စွာရိုးရှင်းလွယ်ကူသည့် ရောဂါကာကွယ်နည်းတစ်ခုဖြစ်သော် လည်း အမှတ်မထင်၊ အလေးမထားသူ၊ ဂရုတစိုက်ကျင့်သုံးမှု မရှိသူတို့ များပြားလွန်းလှသည်။ သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်း လက်သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရေးအတွက် နှစ်စဉ်အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်ဆေးကြောရေးလှုပ်ရှားမှုများဖြင့် သတိပေးတိုက်တွန်းနှိုးဆော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအား အောက်တိုဘာ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် အမှတ်(၄)အခြေခံ ပညာအထက် တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ ကျောင်းသူ ၂၅၄ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၇၆၀ ဦး ကျောင်းတက်ရောက်လျက်ရှိပြီးတည်ငြိမ်အေးချမ်းလျက်ရှိသည့် ဒေသမှ ကျောင်းသား/ ကျောင်းသူများနည်းတူ စာပေပညာများကို စိတ်အေးချမ်းသာစွာသင်ကြား လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနားအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijiun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ဂျီနီဗာမြို့တွင် ၈-၉-၂၀၂၅ ရက်မှ ၈-၁၀-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့်အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပါသည်။ ယခုအကြိမ်တွင်လည်း ယခင်အကြိမ်များနည်းတူ သက်ဆိုင်သည့်နိုင်ငံမှ ကိုယ်စားလှယ်အား ပါဝင်ခွင့်မပြုဘဲ ကျင်းပခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် သွေဖည်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့‌ လေ့လာရေးခရီးစဉ် သွားရောက်ကြမည်ဖြစ်ရာ အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၅-၁၀-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁၀-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လုပ်ငန်းကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိ ခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု အမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၅/၂၀၂၅ (ပဲခူး) နှင့် တရားမ အထူးအယူခံမှု အမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၂၆/၂၀၂၅ (ရန်ကုန်)၊ ၂၇/၂၀၂၅ (ဧရာဝတီ)၊ ၂၉/၂၀၂၅ (စစ်ကိုင်း)၊ ၃၀/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

(၁၀၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၈) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာ၌ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်းဖြင့် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ပြည်သူလူထုအကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်စစ်စစ်များကို ရွေးချယ်ပေးရမည်ဖြစ်သည်။ ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ၌ ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့် ကနဦးလုပ်ငန်းစဉ်ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အစိုးရ တစ်နည်းအားဖြင့် ပြည်သူအုပ်ချုပ်ခြင်းဖြစ်၍ ရွေးကောက်ပွဲဖြင့် ပြည်သူ့ကိုယ်စား ဆောင်ရွက်ပေးရမည့်သူကို ရွေးချယ်ပေးရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2025

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုခဲ့သည်မှာ လာမည့်အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးရပြီး မရှေးမနှောင်းအချိန်မှစကာ နှစ်ပေါင်းရှည်ကြာ ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများက နိုင်ငံနှင့်လူမျိုးတို့ကို ဖွံ့ဖြိုးတိုးတက်ခွင့်မရအောင် တားဆီးပိတ်ဆို့နေစေခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခြင်းက လူမှုစီးပွားဘဝကို နိမ့်ကျစေပြီး လက်နက်ကိုင်ပဋိပက္ခသံသရာကို ရှည်ကြာစေသည်။ ယင်းမှထွက်ပေါ်လာသည့်ဒဏ်ကို အဓိကခံစားကြရသူများမှာ နိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနယ်မြေများမှ ဒေသခံပြည်သူများမှာမူ အဆိုးရွားဆုံး ခံစားကြရသူများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2025

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KIA/ KPF အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင် ၁၁ ဦးသည် ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်