Skip to main content

Jul 25, 2024

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာတားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာဇူလိုင် ၂၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကိုရီးယားစာတန်းပါ အကိုက်အခဲ ပျောက်ဆေးဘူး ၂၅ ဘူးနှင့် ဆေး ကတ် ၁၁၉၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၆၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Smart အမွှေးဆီ ထုပ် ၅၀၄၀၊ အိန္ဒိယနိုင်ငံထုတ် Unbleached Woven Cotton Fabric Plain ကီလိုဂရမ် ၇၅၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၉၆၅၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီ မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ဂျပန် နိုင်ငံထုတ်စက်ဘီး (Used) အစီး ၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Ranger Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၄၅၆၅၆၆ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့ကကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း (ခ) အောင်မြင်ပြီး ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန ဆေးတက္ကသိုလ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ (တတိယနေ့) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

၁။ နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း အသိပေးထားရှိပြီး ဖြစ်ပါသည်။ ၎င်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ခိုင်မာသောသန္နိဋ္ဌာန်လည်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးကို လာမည့်ဩဂုတ် ၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သော လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကော်မရှင်ဥပဒေအခန်း (၅) ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၆၉ ဒသမ ၅၅ ပေ (၂၁၂၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၂၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

အလုပ်သမားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

(၈)ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန် သွင်းကုန်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဒေသစံတော် ချိန် နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ မစ္စတာတင်းကျုံ့လီ၊ သီရိလင်္ကာနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်၊ မော်လ်ဒိုက်နိုင်ငံ ဒုတိယလွှတ်တော်ဥက္ကဋ္ဌနှင့် နီပေါနိုင်ငံဒုတိယလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်အဖွင့်မိန့်ခွန်းပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဆုံမီးပွိုင့်အနီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိသည့် ရေဆင်းဆည်ရေသောက်စနစ်လက်ယာ (၂) မြောင်းမကြီးနှင့် မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့် သစ်တပ်ကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်းဟောင်းဘေး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်းသဲနုန်းတူးဖော်ခြင်း၊ အမှိုက်ဆယ်ခြင်း၊ အမှိုက်များထပ်မံပိတ်ဆို့မှုမရှိစေရေးနှင့် ရေဝပ်မှုများမရှိစေ ရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့က အထက်မြန်မာပြည် ပုံနှိပ်စက်ရုံ (မန္တလေး) ကိုရောက်ရှိပြီး ပုံနှိပ်လုပ်ငန်းများဆောင်ရွက်နေမှု၊ ပုံနှိပ်စက်များ ကြံ့ခိုင်ရေးဆောင်ရွက်မှု၊ ပုံနှိပ်ပြီးစာရွက်စာတမ်းများထားသိုမှုနှင့် ယခုဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက်မည့် ဂိုဒေါင်တစ်လုံးဆောက်လုပ်မည့် မြေနေရာကိုကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားပွင့်တော်မူခဲ့သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့်ကာလမှစ၍ (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ ငါဘုရား ဟောကြားထားသော ဓမ္မဝိနယခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည့်အခါ သင်တို့၏ဆရာဖြစ်သည်”ဟု မှာကြားတော်မူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2024

ယခုနှစ်ပြီးခဲ့သည့် နွေရာသီကာလအတွင်း မိမိတို့နိုင်ငံတွင် အယ်နီညိုဖြစ်စဉ်နှင့်အတူ အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့တွင် ဧပြီလ ၂၈ ရက်က နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ‌ညောင်ဦး၊ စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်