Skip to main content

Jun 11, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်း ခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ဦးနှောက်အာဟာရပြည့်ဝဖို့ စာပေကဏ္ဍမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၄၁/၂၀၂၃ (စစ်ကိုင်း)၊ ၂/၂၀၂၄(ရန်ကုန်)၊ ၈/၂၀၂၄ (ကချင်)၊ ၁၃/၂၀၂၄ (ရန်ကုန်)၊ ၁၅/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄ (မကွေး)၊ ၁၁/၂၀၂၄ (မန္တလေး)၊ ၁၂/၂၀၂၄ (ရန်ကုန်)၊ ၁၆/၂၀၂၄ (မန္တလေး)နှင့် ၁၇/၂၀၂၄ (မန္တလေး) စုစုပေါင်းတရားမအထူးအယူခံမှု ၁၀ မှု ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂) ဖွင့်လှစ်ပြီးနောက် မြဝတီမြို့သို့ ထိုင်းဘက်မှ ပုံမှန်ကုန်ပစ္စည်းများ တင်သွင်းနေပြီး သယ်ယူပို့ဆောင်ရေးသာ ကြန့်ကြာမှုရှိနေကြောင်း အဆိုပါမြို့တွင်နေထိုင်သူ ကုန်သည်များထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဖွင့်ပွဲများကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ အားကစားကွင်းများ၌ ပြုလုပ်ရာသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။ ချေးငွေသက်တမ်း ၁ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် ဘာသာပြန်စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန်ဝါသနာရှင်များ တိုးပွားရေးအတွက် စာပေဗိမာန် စာမူဆုဘာသာပြန်စာမူပြိုင်ပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ နေပြည်တော် အားကစားနှင့်ကာယပညာ ကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင် ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)အနီးရှိ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးဝင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများ က မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာမည့် ဒေသခံပြည်သူများအား e-ID စနစ်ဖြင့် Biographic ၊ Biometric ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးဇုန်ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအကြို ညှိနှိုင်းအစည်းအဝေးနှင့် ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် ၃၆ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်းသို့ သွားရောက်၍ ရင်သွေးငယ်လေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်နဝဒေးလမ်းရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာသို့ သွားရောက်ပြီး တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာမူတာ့ဇ်အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက်အယ်လ်ဖာဟင်းမ်အား ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သည့် မစ္စစ်ပွန်နမ်ပီရူးမား အာရာချ်ချီဂီပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပညာတတ်များစွာလိုအပ်သည်။ ပညာတတ်များပေါများသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်နေပြီး ပညာတတ် နည်းပါးသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံများ၌ ပညာတတ်များပေါများရန်အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေကြသည်။ အလားတူ ပညာတတ်များပေါများလာရေးအပြင် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာပေဖတ်ရှုသည့် အလေ့အထများကို စဉ်ဆက်မပြတ် ပြုလုပ်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပြီး ဇွန် ၈ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ရာ ရန်ကုန်နှင့်သန်လျင်ကြား ကူးသန်းသွားလာမှု ပိုမိုလျင်မြန် ချောမွေ့သွားပြီဖြစ်သည်။ ပဲခူးမြစ်ကူးတံတားများ တစ်စင်းပြီးတစ်စင်း တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ရန်ကုန်နှင့်သန်လျင်တို့ တစ်ဆက်တစ်စပ်တည်းဖြစ်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း အရှိန်အဟုန်မြင့်မားလာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မင်းကြီးဟိုတယ်ရေကူးကန်တွင် ရေကူးနေသည့် လူငယ် ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းကြောင်းနှင့် တချို့ကို စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်