Skip to main content

Mar 03, 2025

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသရှိ စတုရဋ္ဌသုမင်္ဂလ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အမှူးပြု၍ တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

လယ်ဝေးမြို့ သမိုင်းဝင်ဖောင်တော်ချက်မစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် စေတီတော်မြတ်ကြီး၏ဓမ္မာရုံ၌ကျင်းပရာ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ စီလမ်းဆုံတိုးဂိတ်၊ တောင်ငူ မီနီတိုးဂိတ်၊ အုတ်တွင်းမီနီတိုးဂိတ်၊ ၁၁၅ မိုင် (ဖြူး) တိုးဂိတ်၊ ဒရယ်မီးမီနီတိုးဂိတ်၊ ဘောနတ်ကြီး မီနီတိုးဂိတ်၊ အမှတ် (၃) တိုးဂိတ်တို့၏ လမ်းအသုံးပြုခ ကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်းရှိ ဖလင်မော်ကွန်းတိုက်ရှိ ရုပ်ရှင်ဇာတ်ကားများအား ဖလင်မှဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ကမ္ဘာအေးစေတီလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်ရှိ အမျိုးသားဖလင်မော်ကွန်းပြတိုက် တည်ဆောက်ရန်လျာထားသည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ယနေ့နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

သဗ္ဗညုဘုရားရှင်သည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား ၄၅ ဝါပတ်လုံး ဟောကြားတော်မူအပ်သော အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်ကြီးသည် အစ၏ကောင်းခြင်း အာဒိကလျာဏဂုဏ်၊ အလယ်၏ကောင်းခြင်း မဇ္ဈေကလျာဏဂုဏ်၊ အဆုံး၏ကောင်းခြင်း ပရိယောသာန ကလျာဏဂုဏ် (၃) ပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် အလုံးစုံပြည့်စုံခြင်း ကေဝလပရိပုဏ္ဏဂုဏ်၊ အလုံးစုံထက်ဝန်း ကျင်စင်ကြယ်ခြင်း ကေဝလပရိသုဒ္ဓဂုဏ်များရှိတော်မူပါသည်ဘုရား။ ထိုကျေးဇူးဂုဏ်ထူးများ ရှိတော်မူသော အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်ကြီးနှင့်ပတ်သက်၍ တပည့်တော်တို့ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တို့သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပထမအကြိမ်သက်တမ်းမှ အဋ္ဌမအကြိမ် သက်တမ်းတိုင်အောင် ဆောင်ရွက်ခဲ့ပြီး ၄၅ နှစ်ခရီးစဉ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်ကို သံဃာ့အဖွဲ့အစည်းဝင် အရှင်မြတ်များအားလုံး သိရှိတော်မူကြပြီးဖြစ်ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆောင်ရွက်ချက်များမှာလည်း အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်တည်းဟူသော ဓမ္မဝိနယများနှင့် ညီညွတ်သည်သာမက ယင်းဓမ္မဝိနယတို့နှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယလက်စွဲ၊ ညွှန်ကြားလွှာစသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လာခဲ့ကြခြင်းဖြစ်ပါသည်ဘုရား။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2025

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်