Mar 02, 2025
အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA)တွင် မတ် ၃ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်မည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ဆဋ္ဌမအကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား ၄၀ သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
Mar 02, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 02, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဗဟိုလေကြောင်းထိန်းသိမ်းမှု ကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 02, 2025
(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ ကျင်းပသည်။
Mar 02, 2025
မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် တရုတ်နိုင်ငံက ပြန်ကြားရေးဝန်ကြီးဌာနသို့ “သူချစ်” မြန်မာရုပ်ရှင်ဇာတ်ကား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (အေ) တွင် ကျင်းပသည်။
Mar 02, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် ကညင်ငူကျေးရွာ မြစ်ရေတင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Mar 02, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တောင်သူလယ်သမားဦးကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
Mar 02, 2025
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံသားအများစုသည် တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြသူများဖြစ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာထွက်ကုန်များ လုပ်ကိုင်ကြသူများဖြစ်၍ တောင်သူလယ်သမားများသည် နိုင်ငံအတွက် အရေးပါသောအင်အားစုကြီးဖြစ်သည်။
Mar 02, 2025
၁၈၇၇ ခုနှစ် မေလ ၁ ရက်တွင် စတင်ခဲ့သည့် မြန်မာ့မီးရထား၏ သက်တမ်းမှာ ၁၄၈ နှစ်သို့ က်ရှိလာပြီဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်တွင် စတင်ခဲ့သည့် မြန်မာ့မီးရထားသည် အင်္ဂလန်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ခုတ်မောင်းပြေးဆွဲခဲ့သည့် ရထားထက် ၅၂ နှစ်၊ အိန္ဒိယနိုင်ငံမီးရထားထက် ၂၄ နှစ် နောက်ကျခဲ့သော်လည်း အရှေ့တောင်အာရှနိုင်ငံများထဲတွင် အစောဆုံးနှင့် သက်တမ်းအရင့်ဆုံးဖြစ်သည်။
Mar 01, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။