Skip to main content

Mar 01, 2025

ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့အစီအစဉ်များနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်- ၃ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁) နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးတို့နှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်တွင် မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရထားပို့ဆောင်ရေးကဏ္ဍမှ ထိရောက်စွာ အထောက်အကူပြုနိုင်စေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁)အား ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီ ဖြစ်သကဲ့သို့ တောင်ငူမှ နေပြည်တော် - သာစည် - မန္တလေး လမ်းပိုင်းတွင်လည်း နိုင်ငံတော်မှခွင့်ပြုသည့် ဘဏ္ဍာငွေဖြင့် လမ်းပိုင်းပိုမိုကြံ့ခိုင်ကောင်းမွန်စေရေး၊ ခေတ်မီအချက်ပြစနစ်များ တပ်ဆင်အသုံးပြုရေးတို့ကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း/တပ်ဖွဲ့ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းအတွဲ (၈၊ ၉) နှင့် ခေတ်သစ်လူထုသိပ္ပံကျမ်းစာအုပ်များ လှူဒါန်းပွဲ၊ ရန်ကုန်တိုင်းဒေသကြီး ပဉ္စမအကြိမ် စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများအတွက် အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် “လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကျူအာကုတ်စနစ်၊ မြန်မာကျူအာ(MMQR)”ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် လိုက်လျောညီစွာ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2025

တရားမဝင်ကုန်ပစ္စည်းများတင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့၏ ပမာဏမှာ တိုးတက်ဖမ်းဆီးမှုများ ပြုနေသည့်တိုင် လျော့ကျသွားခြင်းမရှိဘဲ ကြီးမြဲကြီးနေဆဲဖြစ်သည်။ အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှုကွာခြားချက်စာရင်းများကို နှိုင်းယှဉ်ရာတွင် ဖမ်းဆီးရမိမှုပမာဏသည် လွန်စွာလျော့နည်းနေသေးသည်ကို တွေ့ရှိရသည့်အတွက် ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌက မှာကြားထားသည်။

ဆက်လက်ဖတ်ရှုရန်