Skip to main content

Nov 24, 2023

နိုဝင်ဘာလ ၂၃ ရက် နေ့လည် ၁၁ နာရီကျော်ခန့်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တရားရုံးဝန်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ တရားရုံးနှင့် ဝေးရာသို့ ထွက်ပြေးကြကြောင်း၊ ဗိုလ်မှူးတစ်ဦး ဦးဆောင်သော အင်အား ၁၅ ပါ စစ်ကြောင်းက တရားရုံးသို့ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများနှင့် စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ လှည်းကူးမြို့နယ်တရားရုံးသို့ တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် တရားရုံး၌ မြို့နယ်တရားသူကြီးနှင့် တရားရေးဝန်ထမ်း ၅ ဦးသာ ကျန်ရှိပြီး တရားရုံးအား နေ့လည် ၂ နာရီခန့်တွင် ပိတ်ထားလိုက်ကြောင်း လှည်းကူးတရားရုံးအနီးရှိသူတစ်ဦးက ပြောဆိုသည့် မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဧရာဝတီမြစ်ကမ်းစပ်၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လေးလုံးထိုးအင်ဂျင်တပ်စက်လှေ လေးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်း စပါးမျိုးလိုင်းများမျိုးရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့တွင် နယ်လှည့်ဆေးကုသရေးလာရောက်သည့် စစ်သင်္ဘောမှ ဇလွန်မြို့ရှိ လူငယ်များအား တပ်သားစုဆောင်းမှုများပြုလုပ်နေသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မီဒီယာမှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် နည်းပညာတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ထိုင်ဝမ် (တရုတ်-တိုင်ပေ) White Jade Wang Enterprise Co.,Ltd ဥက္ကဋ္ဌ (သုဓမ္မမဏိဇောတဓရ) Mr. Wang Cheng အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

၂၀၂၃ ခုနှစ် အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေးတစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာမွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (Asia-Pacific Institute For Broadcasting Development -AIBD)မှ စီစဉ်သည့် “အွန်လိုင်းဘေးကင်းရေး၊ သတင်းမှားများနှင့် ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ onlineဆွေးနွေးပွဲ” ကို ယမန်နေ့က online မှတစ်ဆင့်ကျင်းပရာ ဆွေးနွေးပွဲသို့ AIBD အဖွဲ့ဝင်နိုင်ငံများမှ သတင်းသမားများ၊ သတင်းထောက်များ၊ မီဒီယာကျွမ်းကျင်ပညာရှင်များနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal များရှိ စက်သုံးဆီများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser)များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ရှိ ရဟန္တာဦးသီလဓာတ်တော် စေတီဝင်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ (သက်တော်(၈၅)၊ သိက္ခာတော် (၆၆)ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီ ၃၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမဈာပနသာဓုကီဠနအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ယင်းကျောင်းတိုက်ရှိ အောင်မြေသာစည်အလယ်တိုက်ကြီးတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားသင်္ကန်းကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သံဃာရာမအဆောင်(၁) ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်