Skip to main content

Nov 25, 2023

ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါ  လာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

မြေဩဇာကော်မတီ၏ အကြိမ်(၄၀)မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ဒီနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်က KNPP , PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ မိသားစုတွေထဲက (၁၀၃) ဦး တောင်ကြီးကို ပြန်ရောက်နေတာရှိပါတယ်။ မနေ့ကညမှာ PNO ပြည်သူ့စစ်အဖွဲ့ ဒေသကနေမှတစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။ တပ်မတော်မှ တာဝန်ရှိသူများလည်း သွားရောက်ကြိုဆိုပြီးတော့ ဒီနေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ တက္ကသိုလ်၊ ကျောင်းတွေကို တိုက်ခိုက်ပြီး ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။ ကျွန်တာ်တို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးကနေမှ ကန့်ကွက်တာ၊ ရှုတ်ချတာတွေ လုပ်ခဲ့ပါတယ်။ ကန့်ကွက်၊ ရှုတ်ချတာတွေလုပ်ခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အင်အား ၁၀၀ ခန့်ရှိပါသေးတယ်။ ဒီအင်အား ၁၀၀ ခန့်နဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုက်ပွဲများဖြစ်ပွားနေချိန်မှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေ၊ စစ်ရေးနဲ့မဆိုင်တဲ့သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ပြည်သူ့အကျိုးဖျက်ဆီးနေတာတွေကို ပြည်သူလူထုကလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၃၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ရေဘေးဒဏ်ခံစားခဲ့ရသည့် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဝင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ လှူဒါန်းသည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းဘုရင့် တပ်မတော်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Jumphol Chantakamma နှင့်တာဝန်ရှိသူတို့က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်းက စီစဉ်သည့် “အွန်လိုင်းဘေးကင်းရေး၊ သတင်းများနှင့်ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို အွန်လိုင်းဘေးကင်းမှုမြှင့်တင်ရန်၊ သတင်းတု/သတင်းမှား၊ ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုစသည့် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား သိသာထင်ရှားသော ခြိမ်းခြောက်မှုများကို သိနားလည်စေရန်နှင့် မီဒီယာသိနားလည်မှုဆိုင်ရာ မြှင့်တင်ပေးခြင်းဖြင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့က ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2023

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် အရေးကြီးသကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက်လည်း ပညာရေးကို မြှင့်တင်အားပေးရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံသောလူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည့်အလျောက် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှု စဉ်ဆက်မပြတ် ကောင်းမွန်နေရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ မြိတ်တက္ကသိုလ်တွင် အလုပ်ထွက်ချင်သည့် ဆရာ၊ ဆရာမများကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က လျော်ကြေးငွေ ကျပ် ၁၀ သိန်းအထိ တောင်းခံနေကြောင်းနှင့် ကျောင်းမတက်သည့် ဆရာ၊ ဆရာမများကို နေ့စဉ်ဖိအားပေးကာ ကျောင်းတက်ခိုင်းနေကြောင်း၊ တက္ကသိုလ်ဝန်ထမ်းများထံမှ သိရကြောင်း Social Media များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ တရားရုံးများအပါအဝင် အကျဉ်းထောင်များအတွင်းရှိ အထူးတရားရုံးများကို ဒရုန်းဖြင့် ဗုံးချအကြမ်းဖက် တိုက်ခိုက်မည်ဆိုသည့်သတင်းများ ထွက်ပေါ်လာ၍ ပိတ်ထားကြောင်း၊ ရုံးတံခါးများအား အစောင့်တွေကို ဖွင့်ခိုင်းထားကြောင်းနှင့် မည်သည့်နေ့တွင် ရုံးပြန်ဖွင့်မည်ကို ကြေညာထားခြင်းများ မရှိကြောင်းတို့ကို တရားရုံးနဲ့ နီးစပ်သူများထံမှ သိရှိရကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြ၍ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့က စ၍ ရန်ကုန်တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအကြောင်းပြပြီး လာရောက်တပ်စွဲထားကြောင်း မြို့ခံတွေဆီက သိရှိရတယ်လို့ မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ‌ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်‌ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းထဲတွင် အခြေပြုထားသည့် လက်နက်ကြီးအထိုင်စခန်း၊ အမြောက်စခန်းထဲတွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေအဆိပ်ခတ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်