Skip to main content

Jul 17, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရသီရိမြို့နယ် ဟိုတယ်ဇုန် (၂) အတွင်းရှိ ဟိုတယ်များ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက် က တိုက်အမှတ် (K-1)၊ အခန်း(၁၃) တွင် နေထိုင်သူ ဒေါ်စန္ဒာမိုးသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ဧည့်ခန်း၌ ဝမ်းဗိုက်ပတ်လည်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ဒေါ်စန္ဒာမိုးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး တရားခံများကို ပျဉ်းမနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၇ ဦး၊ အိန္ဒိယနိုင်ငံသားနှစ်ဦး၊ တရုတ်နိုင်ငံသားနှစ်ဦး၊ မလေးရှားနိုင်ငံသားတစ်ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား တစ်ဦး စုစုပေါင်း ၂၃ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (စနေနေ့) (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။              

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee- DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရုံးအမှတ်- ၃ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပရာ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် စီးပွားရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများ ပြုပြင်ရေးလုပ်ငန်းများ၊ လေ့ကျင့်ရေးရေကူးကန်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေတည်တံ့ရေးဖိုရမ်အတွက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစုတစည်းတည်း စုဆောင်းနိုင်ကြရန်ရည်ရွယ်၍ မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် သုံးခုပါ စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ဇူလိုင် ၂၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ပြည်ထောင်စုနယ်မြေအတွင်း မြစ်၊ ချောင်း၊ ဆည်တမံများ၌ ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာတို့သို့ သွားရောက်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ငါးသယံဇာတတိုးပွားလာစေရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိသားစုများ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မင်္ဂလာကန်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီဝန်ထမ်းအိမ်ရာများအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပညာဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာကြသည်။ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ကြသည်။ မျိုးဆက်များအား စဉ်ဆက်မပြတ်သင်ကြားပေးခဲ့သော ပညာများဖြင့် မိမိဘဝတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2025

မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင်အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2025

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အမည်ခံအဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2025

ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းတည်ရှိပြီး မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့ ဝန်းရံတည်ရှိ၍ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များသို့ မန္တလေး - လားရှိုးလမ်းမကြီးနှင့် မီးရထားလမ်းများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့သို့ အမှတ်(၄၃)ပြည်ထောင်စုလမ်းမကြီးဖြင့်လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် တရုတ်- မြန်မာ နယ်စပ်စီးပွားရေး၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး-မူဆယ်လမ်းမကြီး(အမှတ် ၁၄ အာရှ လမ်းမကြီး)သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းပြီး ပြင်ဦးလွင်- မန္တလေးမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့ရွာများနှင့် ကျောက်မဲမြို့မှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့ရွာများသို့လည်း ဆက်သွယ်သွားလာနိုင်သည့် မြို့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်