Skip to main content

Jan 15, 2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) ကျောက်စိမ်းခန်းမ၌ ယနေ့ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် လယ်ဝေးမြို့နယ် ဂွေ့ကြီးကျေးရွာ၌ ဂွေ့ကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ ဝဲကြီး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ ရွှေဝါခိုင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ရွှေမူ လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ကူသပိတ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း၊ သစ်စိမ့်ပင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းတို့မှ အသင်းသားတောင်သူများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် လွိုင်ကော်လေဆိပ်သို့ရောက်ရှိကြရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ယနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကယားပြည်နယ်နေ့ဖြစ်ပါသည်။ ယခုကဲ့သို့ နေ့ထူးနေမြတ် အခါသမယတွင် ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စု ဖွား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် စွန့်လွှတ်စွန့်စား ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ် ရေးရပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သော်လည်း စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိပြုမိ ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2026

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသတင်း၏ နောက်ဆက်တွဲသတင်းအရ အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများမှာ ပမာဏကြီးမားသည့် လုပ်ငန်းများဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် အများဆုံးသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မိုင်းရယ်မြို့နယ်အတွင်း နေရာသုံးနေရာမှ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

၁။ နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်များအရ “ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်း မပြုရေး " ကို စောင့်ထိန်း လိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၁-၈-၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ၅/နငရ-ကြီးကြပ်(၄၉)/ကမရ ဖြင့် နိုင်ငံရေးပါတီအားလုံးသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ဒေသခံ တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

လူသားမျိုးနွယ်တစ်ခုလုံးကို လူညွှန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာဟု ယူဆသည့်နေရာများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့်နေရာနှင့် အသုံးပြုသည့်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းအား ဇန်နဝါရီ လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ ပန်းလှိုင်ရေထိန်းတံခါးသို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မီစေရေးတို့အတွက် ယနေ့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းထားသည့် ကရဝိက်စားသောက်ခန်းမနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တစ်လုံးဖြစ်သည့် Rose Garden Hotel တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်၊ ခန့်မှန်းအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်ရှိသည့် လူငယ်လူ့စွမ်းအားအရင်းအမြစ်ကို မေ့ထား၍မရပေ။ ထို့အတူ နိုင်ငံ့အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမည်မှာလည်း လူငယ်များပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tariq Karim အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်