Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီး အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ 13th Meeting of ARMAC Steering Committee အစည်းအဝေးအား ယနေ့ နံနက် (၈)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 01, 2020
ဒီပဲယင်း စစ်တင်ဘာ ၁ သိန်းထွန်း(ဒီပဲယင်း)
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 01, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၈) ကြိမ်မြောက် ARIC အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 01, 2020
၁။ ယမန်နေ့၊ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 01, 2020
နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ကြိမ်တစ်ခါမျှ ပြန်လည်တူးဖော်ခဲ့ခြင်း မရှိသဖြင့် ချိန်းချောင်း (မုက္ခမူချောင်း) တစ်လျှောက်တွင် ရေလမ်းကြောင်းများ ပြောင်းလဲလာခဲ့သည်။ ချောင်း၏ ရေစီးလမ်းကြောင်းသည်လည်း ကျဉ်းမြောင်းလာပြီး ချောင်းပေါင်မှ ရေလျှံကာ ချောင်းရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ရေလွှမ်းပျက်စီးမှုများ ကြုံတွေ့လာရသည်။
Sep 01, 2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ် များ၊ မသန် စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေး ငွေကျပ် (၁၁,၆၂၁.၂၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ကြောင်းသိရသည်။
Sep 01, 2020
၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 01, 2020
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်ရေးသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲ လိုအပ်နေသောအရာ ဖြစ်သည်။ မတူကွဲပြားသောဒေသများအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ လာစေရန်အတွက် လိုအပ်ချက်များကို အဘက်ဘက်က ဖြည့်ဆည်းပေးနေသော်လည်း ယုံကြည်မှု နည်းပါးသူများ၊ အစွန်းထွက် အမြင်ရှိသူများ၏ အပြုသဘော မဆောင်ကွဲလွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုကို လျော့ပါးစေပါသည်။
Sep 01, 2020
ကာတွန်းဟုခေါ်သော သရုပ်ဖော်ပုံကလေးများ ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်၊ နှစ်ရာနီးနီး ရှိခဲ့ပြီဖြစ်သည်။ ကာတွန်းသည် ပန်းချီပညာ၏ အကိုင်းအခက် တစ်ခုဖြစ်သော်လည်း သရုပ်မှန်ပုံများ မဟုတ်။ အလျှင်အမြူး၊ အသောအထွေ၊ သရော်လှောင်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်း တို့ဖြင့် ဟာသရသဘက်သို့ နွယ်သည်။ ကမ္ဘာ့ကာတွန်း၏အစသည် ၁၉ ရာစုထဲမှာစပြီး မြန်မာ့ ကာတွန်းကမူ ရာစုနှစ်ထက်ဝက်ကျော်ခန့် နောက်ကျကာ ၂ဝ ရာစု အစောပိုင်းကာလတွင် စသည်။
Aug 31, 2020
Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်သည်။
Aug 31, 2020
၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 31, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီက ကလေးမြို့နယ်၊ နတ်ချောင်း ကျေးရွာအုပ်စု၊ ချောင်းဂွကျေးရွာ၊ ချောင်းဂွပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကျော်နိုင်လင်း မောင်းနှင်ပြီး ထွန်းတင် လိုက်ပါလာသော PROBOX အမျိုးအစား မော်တော်ယာဉ်နှင့် ကျော်တင်(ခ)ကျော်ဌေး မောင်းနှင်ပြီး လှမောင်စော၊ မောင်သန်းတင် တို့ လိုက်ပါ လာသော MARK II အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀,၀၀၀ ၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
Aug 31, 2020
မြန်မာ-ဂျပန် စင်တာဆိုင်ရာ Phase-(II) Project အတွက် ပူးတွဲကြီးကြပ်ရေးကော်မတီ (JCC) ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ တိုးချဲ့အစည်းအဝေးခန်းမ၌ Online မှ Zoom Application စနစ်ဖြင့် ကျင်းပသည်။
Aug 31, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ အသက် (၈၀) နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများ အတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပုံမှန်စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်အရ ပလက်ဝမြို့နယ်၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် သူများအတွက် စားနပ်ရိက္ခာ (၃)လစာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 31, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၇) ဦးအား ပါရီမြို့အခြေစိုက် Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Aug 31, 2020
ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့် ပရိယတ္တိ စာအောင်ဆုပဒေသာပင် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Aug 31, 2020
ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး ဩဂုတ်လ(၁၆) ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ (၂) ပတ်တာ ကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာအသစ် (၃၀၀) ကျော်အထိ တွေ့ရှိလာရပါသည်။ စစ်တွေမြို့တွင် ကူးစက်ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းနေသည့် အမျိုးအစားဖြစ်ခြင်းကြောင့် ကူးစက်မြန်လျက်ရှိ၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တို့တွင် COVID-19 လူနာများထားရှိ ကုသနေလျက်ရှိပါသည်။
Aug 31, 2020
ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ကိန်းဂဏန်းများ နေ့စဉ် လျင်လျင် မြန်မြန် တိုးလာနေသည်။ ပြည်တွင်းရောဂါပိုးတွေ့ရှိမှု ဇယား၏ ထိပ်ဆုံးနေရာတွင် လူဦးရေ ထူထပ်များပြားလှသည့် ရန်ကုန်တိုင်းဒေသကြီးက တစ်သမတ်တည်း ရှိနေခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရက်ပိုင်းမျှနှင့် ရခိုင် ပြည်နယ်က ဇယား၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ ပြီဖြစ်သည်။
Aug 31, 2020
မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အများအပြား တွေ့ရှိလာသည်။ သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းနှင့် နောက်တစ်ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက် နေ့တွင် ရောဂါပိုးရှိသူ၉၀ ထပ်မံစံချိန်တင် တွေ့ရှိပြန်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ များသောအားဖြင့် ရခိုင် ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မြို ့ရှိ အချို့မြို့နယ်များမှ တစ်ဦးစ၊ နှစ်ဦးစ ရောဂါပိုးတွေ့သူများပါလာသည်။
