Aug 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့မှ စက်ဘီး ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေပြည်တန်ဘိုးဘွားရိပ်သာ ပြည်တန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 26, 2020
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများ တွင် ရောင်းချပေး သွားမည်ဖြစ်သည်။
Aug 26, 2020
မန္တလေး သြဂုတ် ၂၆
မန္တလးတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှုများပြားသည့် ဒေသများမှ လာရောက်သူများမှ တစ်ဆင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။
COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက အသိပေး ထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ် ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
Aug 26, 2020
(၂၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၃၀)နာရီ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။
Aug 26, 2020
GOVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Cs မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်း ဆောင်ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။
Aug 26, 2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ရွှေပြည်စိုးသာသနာ့ဗိမ္မာန်တွင် Inclusive Self – Help Group (ISHG) လူမှုအားမာန်အဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26, 2020
ဆေးလိပ်ကင်းစင်ရေးလုပ်ငန်းများကို တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာကျောင်း များတွင် အားဖြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
Aug 26, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖြစ်ပွားနေသော Coronavirus Disease (COVID-19) ရောဂါ ကူးစက်မှု အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ ၃ တွင်ပြုလုပ်ခဲ့သည်။
Aug 26, 2020
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စစ်တောင်းတံတားသစ် (မုပ္ပလင်) လမ်းဆုံတွင် Covid-19 ရောဂါ မပေါ်ပေါက် စေရေးနှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး အနေဖြင့် ပဲခူး တိုင်းဒေသကြီးဘက်မှ ဝင်ရောက် လာသည့် မော်တော်ယာဉ်များပေါ်၌လိုက်ပါလာသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးနေမှု အခြေအနေ များကို ဩဂုတ် ၂၅ရက်၊ နံနက်(၁၁)နာရီက မွန်ပြည်နယ်၀န်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Aug 26, 2020
အဂတိလိုက်စားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် စိုးရိမ်နေရသော အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ကိုယ်ကျိုးစီးပွားရှာဖွေခြင်းပြဿနာမှစတင်လာကာ နေရာဌာနများစွာနှင့် ပတ်သက်နေသဖြင့် စီမံဖြေရှင်းရန် ခက်ခဲလှသည်။ အဂတိလိုက်စားမှုသည် တိုင်းပြည်၊ နိုင်ငံအများအပြားတွင် အသီးသီးဖြစ်ပေါ်လျက်ရှိနေသောကြောင့် အဂတိလိုက်စားခြင်းကို အပြည်ပြည်ဆိုင်ရာ ပြဿနာအဖြစ် သတ်မှတ်နိုင်သည်။ ဖွံ့ဖြို
Aug 26, 2020
ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်” ယာယီ တာဝန် ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများပါဝင်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယ အသုတ်အနေဖြင့် မြန်မာ အမျိုးသားလေကြောင်း အထူး လေယာဉ်ဖြင့် စစ်တွေမြို့သို့ ထပ်မံ ရောက်ရှိ ကြသည်။
Aug 26, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 26, 2020
၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 26, 2020
မြန်မာနိုင်ငံ၌ တရားဝင်ခရီးရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။
Aug 26, 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်း မြို့နယ်တို့တွင် လူဦးရေ ၁၃၂၆၂၈ ဦးအပေါ် မူတည်ပြီး စားအုန်းဆီခွဲတမ်းမှာ ၁၈ လီတာပုံး ၁၅၇၁ ပုံးကို စားသုံးသူ ရေးရာဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးသန်းရွှေက ပြောသည်။
Aug 26, 2020
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏လျာထားအခန်း (၆) ခန်းအနက် အခန်း (၅) ဖြစ်သည့် သဘာဝဘေးနှင့်အခြားအရေးပေါ် အခြေအနေဆိုင်ရာဆပ်ကော်မတီအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 26, 2020
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကိစ္စနှင့်စပ်လျဉ်း၍ ယမန်နေ့နံနက်ပိုင်းက Video Conference ဖြင့်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ CTFMR ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren၊ မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက် ကိုယ်စားလှယ် Ms. June Kunugi နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 26, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းကိုးဖွဲ့မှ ကိုယ်စားလှယ်များအား ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 26, 2020
မြန်မာနိုင်ငံတွင် အရေးကြီးကိစ္စပေါ်ပေါက်လာပါက ပြည်သူလူထုကို တင်ပြပြီး ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက် ခြင်းသည် အထိရောက်ဆုံး ဖြစ်သည်ဟု ပြည်သူ့အစိုးရက ယုံကြည်ထားသည်။ ထိုယုံကြည် ချက်ဖြင့် မျက်မှောက်ကာလ၌ ဖြစ်ပွားကြုံတွေ့လာရသော အရေးကိစ္စများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူသို့ ချက်ချင်းလက်ငင်းဖြေရှင်း အစီရင်ခံတင်ပြနေသည်ကို မြင်တွေ့နေရသည်။
