Aug 26, 2020
နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးဟုဆိုသည်နှင့် ရှေ့တန်းရောက်ပြဿနာ ဖြစ်နေသည့် ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများအောင် ဖန်တီး နိုင်ရေး စသည်ဖြင့် ဖြေရှင်းစရာ စိန်ခေါ်မှု အများအပြား ရှိနေပါသည်။ အလုပ်အကိုင် အခွင့်အလမ်းဆိုရာ ၌လည်း အလုပ်သမားတို့၏လုပ်ခလစာ သင့်တင့်မျှတပါ၏လော၊ အလုပ်သမားတို့ နေ့စဉ်ဘဝများ ပြေလည် ပါ၏လော၊ မိသားစု ရေရှည်ဘ၀အာမခံချက် ရှိပါ၏လော ဆိုသည်တို့ကိုလည်း ဆန်းစစ်ကြရပါသည်။
Aug 25, 2020
ည (၈:၃၀) နာရီထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။
Aug 25, 2020
၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 25, 2020
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်များက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်တင်ပြမှု အစည်း အဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Aug 25, 2020
နိုင်ငံတော်အရေးပေါ်ရိက္ခာ ဆန်များအား Export တင်ပို့နိုင်ရေးအတွက် ဆောင် ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပ သည်။
Aug 25, 2020
ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီများတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းအတွက် လစဉ် ချီးမြှင့်ငွေနှင့် စရိတ်ချီးမြှင့်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရန်ကုန်မြို့ပြည်လမ်းရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည်။
Aug 25, 2020
၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 25, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Aug 25, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ ဩဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုး တွေ့ရှိသူများ တိုးလာသည်မှာ နိုင်ငံ၏ ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
Aug 25, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုများ ရှိနေပြီဖြစ်သည့်အတွက် စစ်တွေမှ ပြည်သူများ ရခိုင်ပြည်နယ်ပြင်ပသို့ မထွက်ရန် စည်းကမ်းများ သတ်မှတ်ထားပါသည်။ ဒေသတစ်ခုလုံး နှင့် အခြားသော နေရာများကိုပါ ကာကွယ်ရန်အတွက် ရည်ရွယ် ကန့်သတ်ရခြင်း ဖြစ်ပါ၏။
Aug 24, 2020
၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၃) ဦးအား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Aug 24, 2020
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park royal ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Aug 24, 2020
ဩဂုတ် (၂၂) ရက်တွင် သံလွင်မြစ်ရေမြင့်တက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၄) ခုတို့မှ အိမ်ထောင်စု (၁၆၄) စု၊ လူဦးရေ (၆၆၃) ဦးတို့သည် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရေဘေးရှောင်နေရာ (၈) ခုနှင့် ဆွေမျိုး နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။
Aug 24, 2020
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ကျင်းပသည်။
Aug 24, 2020
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်သည်။
Aug 24, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Aug 24, 2020
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Motegi Toshimitsu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိသည်။
