Skip to main content

Feb 25, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ သေဆုံးသွားခဲ့ပြီး စစ်တပ်က သတင်းမပေါက်ကြားရန် ဖုံးကွယ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် စွပ်စွဲရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းစာဆရာများတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်၊ သွေးဆေးကန်အနောက်ဘက်ရှိ ကြီးငါးကြီး ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။ အခမ်းအနားမှူးအဖြစ် သူဇာနွယ် (ဖျာပုံ) က ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ဘားအံမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ သတင်းဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၌ တိုင်းဒေသကြီးအတွင်းမှ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများအတွက် ရုံးသုံးမြန်မာစာရေးနည်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ နေပြည်တော်ရှိ အရာထမ်းများတက်ရောက်ကြပြီး ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများရှိ အရာထမ်းများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) အစီအစဉ်ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဆောင်ရွက်သည့် “မဲခေါင်-လန်ချန်း ယဉ်ကျေးမှုအစီအစဉ် (၂၀၂၄) မြန်မာနိုင်ငံ” အစီအစဉ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပုဂံမြို့ရှိ Royal Palace Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ပြိုင်ပွဲများ၏ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ Horizon Lake View Hotel တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” (Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engagement) သို့ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြို့သို့ရောက်ရှိရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာစေရန်ရည်ရွယ်၍ ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို နှစ်နိုင်ငံပူးတွဲကော်မရှင်ဥက္ကဋ္ဌများဦးဆောင်၍ သီးသန့််အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့ကို အပိုင်းလေးပိုင်းခွဲပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

မြန်မာ့သမိုင်းတွင် တောင်ငူသည် ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့သော ဒေသတစ်ခုဖြစ်ပြီး သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များစွာတို့ တောင်ငူမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ယခုတိုင်ကျန်ရှိနေသည်။ မြို့ရိုး၊ ကျုံးနှင့် သာသနိကအဆောက်အအုံများ အပါအဝင် ရှေးကတည်ဆောက်ခဲ့သည့် အဆောက်အအုံတို့၏ အစိတ်အပိုင်းများစွာတို့ စိတ်ဝင်စားဖွယ်ရာ တည်ရှိနေဆဲဖြစ်သော်လည်း တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအမျိုးသမီး ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2025

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်