Skip to main content

Feb 23, 2025

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့်မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တရားရေးအရာရှိများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာများဖြန့်ဝေပို့ချပေးရန်၊ မဟာဗျူဟာ ၆ အရ မူပိုင်ခွင့်ချိုးဖောက်မှုများကို တားဆီးကာကွယ်နိုင်စေခြင်းငှာ သက်ဆိုင်ရာတရားသူကြီးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာရည်မှန်းချက် ၅.၂ ပါ မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်းသည့် အသိပညာပေးအစီအစဉ်များဆောင်ရွက်ရန် ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Awareness Seminar for the Enforcement of Intellectual Property Rights)ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ထိုင်းဘုရင့်တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

လက်ရှိကာလတွင် တပ်မတော်သည် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2025

လာမည့်မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် KG+12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူစုစုပေါင်း ၂ ဒသမ ၂ သိန်းကျော်ရှိသည်။ ယမန်နှစ် ၂၀၂၄ ခုနှစ်မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီလနှင့် မေလတို့တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးမှ စာမေးပွဲဖြေဆိုသူစုစုပေါင်း ၁၂၈၈၂၀ ဦးရှိသည့်အနက် ၇၄၅၉၂ ဦးအောင်မြင်ခဲ့ရာ အောင်ချက် ၅၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းမှု ၁ ဒသမ ၄၆ သန်းကျော်ရှိခဲ့ရာ ယခုနှစ်တွင် ပိုမိုများပြားလာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၁၂၆ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင်  ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား (၁၁၁)ဦးကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့လည်းကောင်း၊ ထိုင်းနိုင်ငံသား (၁)ဦးကို မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့လည်းကောင်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာပေါ်ရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ကမ္ဘာ့အမွေအနှစ်စာရင်း( World Heritage List )နှင့် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The Representative List of Intangible Cultural Heritage of Humanity) ဟူ၍ ယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းသွင်းသတ်မှတ်ခြင်းအား နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများစည်းလုံးညီညွတ်ရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေး၊ ဝန်ထမ်းများအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ဖြစ်ပေါ်ခိုင်မာအားကောင်းလာစေရေး၊ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူ

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Handa Yangon Garment Co ., Ltd.၊ Sinoproud Myanmar Garment Co ., Ltd. နှင့် Tianjin Fashion Milestone Co .,Ltd. များမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဝင်များနှင့်တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမား အဖွဲ့အစည်းဝင်များနှင့် အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးတို့ကို တွေ့ဆုံမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (International Cooperation Review Group - ICRG) အစည်းအဝေးတို့ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက် အထိ ပြင်သစ်နိုင်ငံပါရီမြို့၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ပတ္တမြားခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် CITIC နှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent) နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မုံရွာမြို့ ချင်းတွင်းခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လစဉ်ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရဖြည့်စွက်စာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2025

ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာသနာ့ရက္ခိတကျောင်း၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ဓမ္မာရုံအသစ်ဆောက်လုပ် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်